spot_img
Wednesday, February 18, 2026
More
    spot_img
    HomeCovid 19စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သည့်နေ့တွင် မွန်ပြည်နယ်ကျောင်းသားလေးသောင်းကျော်တက်ရောက်ခဲ့ဟုဆို

    စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သည့်နေ့တွင် မွန်ပြည်နယ်ကျောင်းသားလေးသောင်းကျော်တက်ရောက်ခဲ့ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂)

    ကိုဗစ်ရောဂါကူးစက်မှုကျဆင်းလာသည့်အတွက် အခြေခံပညာ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သည့်နေ့တွင် မွန်ပြည်နယ်၌ ကျောင်းတက်ရောက်သူ ကျောင်းသားကျောင်းသူဦးရေ လေးသောင်းခန့်ရှိကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ကျောင်းတက်တဲ့ကျောင်းသားက လေးသောင်းကျော်ရှိပါတယ်။ ဒီနှစ်နှစ်စက ကျောင်းအပ်ထားတဲ့သူတွေပါ။ အရင်နှစ်တွေကထက်စာရင်တော့ နည်းပါတယ်။” ဟု မွန်ပြည်နယ် ​ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစန်းအောင်က ဆိုသည်။

    ပညာသင်နှစ်စပိုင်းဖြစ်သည့် ဇူလိုင်လအတွင်းက ကျောင်းများပြန်ဖွင့်ခဲ့သော်လည်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာခြင်းနှင့် စာသင်ကျောင်းအချို့တွင် ဗုံးထောင်ဗုံးခွဲမှုများရှိလာသဖြင့် ဇူလိုင်လ ၉ ရက်နေ့က တစ်နိုင်ငံလုံးရှိစာသင်ကျောင်းများကို အာဏာပိုင်တို့ပြန်ပိတ်လိုက်ရခြင်း ဖြစ်သည်။

    မွန်ပြည်နယ်ရှိ ယခင်စာသင်နှစ်များတွင် ကျောင်းတက်ရောက်သူဦးရေသည် လေးသိန်းကျော်ရှိပြီး ယခုနှစ်၏ ဆယ်ဆခန့်ပိုများသည်။

    လုံခြုံရေးအခြေအနေများကို စိတ်မချရသည့်အတွက် ကျောင်းသားမိဘအချို့က ကျောင်းလွှတ်ချိန်အထိ ကလေးများကို စောင့်ဆိုင်းနေကြောင်း ပြောသည်။

    “ကျောင်းကမတက်ရတာလည်းကြာပြီ။ တက်ခိုင်းချင်တယ်။ ဗုံးကလည်း ဟိုနေရာပေါက်လိုက် ဒီနေရာပေါက်လိုက်ဆိုတော့ စိတ်ချလက်ချလွှတ်ဖို့က မဖြစ်နိုင်သေးဘူး။ နည်းနည်းစောင့်ကြည့်လိုက်ဦးမယ်”ဟု မော်လမြိုင်မြို့မှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

    ကျောင်းသားများ၏လုံခြုံရေးအတွက် ဒေသအလိုက်ငြိမ်ဝတ်ပိပြားမှုအခြေအနေအရ ကျောင်းသားမိဘများနှင့်တိုင်ပင်ကာလုပ်ဆောင်နေကြောင်း ညွှန်ကြားရေးမှူးဦးစန်းအောင်က ပြောသည်။

    မွန်ပြည်နယ်တွင် အ​ခြေခံပညာကျောင်း ၁၅၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် စာသင်နှစ်အထိ ကျောင်းသားကျောင်းသူ လေးသိန်းကျော် နှစ်စဥ်တက်ရောက်ပညာသင်ကြားခဲ့သည်။


    တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကိုနိုဝင်ဘာလ ၁ ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့ရာ ကျောင်းတက်ရောက်သူအရေအတွက် အလွန်နည်းပါးသေးကြောင်း သတင်းများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks