spot_img
Sunday, February 15, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်ထွက် သစ်သီးဝလံများ ဝယ်လိုအားနည်းနေသောကြောင့် အရှုံးနှင့် ရင်ဆိုင်နေရ

    မွန်ပြည်နယ်ထွက် သစ်သီးဝလံများ ဝယ်လိုအားနည်းနေသောကြောင့် အရှုံးနှင့် ရင်ဆိုင်နေရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၅)

    မွန်ပြည်နယ်မှ ထွက်ရှိသော ရာသီစာ သစ်သီးဝလံများသည် ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းနေသောကြောင့် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သစ်သီးဝလံ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေထံက သိရသည်။

    ဝယ်လိုအား ကျဆင်းနေသောကြောင့်  သစ်သီးဝလံ စိုက်ပျိုးသည့် တောင်သူများ သာမက အဝယ်ဒိုင် လုပ်ငန်းရှင်များလည်း အခက်အခဲများ နှင့် ရင်ဆိုင်နေရကြောင်း ‌မော်လမြိုင်မြို့နယ်မှ ပြည်တွင်းပြည်ပ  သစ်သီးဝလံ ရောင်းချတင်ပို့နေသည့် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “မြို့ပေါ်အနေအထားနဲ့ ‌ဝယ်လိုအားအနေနဲ့ကြည့်ရင် နယ်ကလူတွေက မြို့ပေါ်မတက်လာကြဘူး။ ရောင်းလိုအားများပြီး ဝယ်လိုအား နည်းနေတယ်။ ထုတ်လုပ်တဲ့သူရော၊ ပေးပိူ့တဲ့သူရော ရောင်းချတဲ့သူရော၊ အားလုံးက အခက်အခဲရှိနေတယ်။ အားလုံးခြုံပြီး ပြောရင်တော့ အရှုံးနဲ့ ရင်ဆိုင်နေရတယ်”ဟု ၎င်းက ပြောသည်။

    ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ နှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြို့ပေါ်သို့ လာရောက်ဝယ်ယူသူ သိသိသာသာနည်းပါးလာကြောင်း ၄င်းကဆက်ပြောသည်။

    ပြည်တွင်းတင်ပို့မှုမှာလည်း လမ်းခရီးနှောင့်နှေးမှု၊ စက်သုံးဆီဈေး မြင့်တက်မှုများကြောင့် ငွေကုန်ကြေးကျ များနေကြောင်း မုဒုံမြို့နယ်မှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    မွန်ပြည်နယ်မှ အဓိကထွက်ရှိသော သစ်သီးဝလံများကို မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချနေသော်လည်း ယခုအချိန်တွင် ပြည်တွင်းဝယ်ယူမှု လျော့ကျနေကြောင်း၊ ပြည်တွင်း သစ်သီးဝလံဈေးကွက် ယခင်အတိုင်း ပြန်လည်လည်ပတ်နိုင်မှသာ တောင်သူ နှင့် လုပ်ငန်းရှင်များလည်း အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်မှ ထွက်ရှိသော ဒူးရင်း၊ ကျွဲကော၊ မင်းဂွတ်၊ ကြက်မောက်၊ နာနတ်၊ ရေငန်းသီးစသည့် ရာသီထွက်သစ်သီးဝလံများကို မြန်မာနိုင်ငံအနှံ့သာမက ပြည်ပနိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့လည်း တင်ပို့နေကြောင်း သိရသည်။

    အလားတူ မွန်ပြည်နယ်ငါးလုပ်ငန်းသည်လည်း အဓိကတင်ပို့နေရသည့် တရုပ်စျေးကွက်တွင် နယ်စပ်ဂိတ်များပိတ်ခြင်းနှင့် တင်းကြပ်လွန်းသည့်ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တို့ကြောင့် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ငါးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

    ကျွဲကောပင်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks