Tuesday, March 10, 2026
More
    spot_img
    Homeသတင်းပုဂ္ဂလိကလျှပ်စစ်မီတာခ ဈေးနှုန်းမြင့်တက်မှု ရေးမြို့နယ်ဒေသခံများ အခက်တွေ့

    ပုဂ္ဂလိကလျှပ်စစ်မီတာခ ဈေးနှုန်းမြင့်တက်မှု ရေးမြို့နယ်ဒေသခံများ အခက်တွေ့

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၆)

    စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်နေမှုကြောင့် ရေးမြို့နယ်မှ ပုဂ္ဂလိက လျှပ်စစ် ရယူသုံးစွဲနေသူများ လျှပ်စစ် မီတာခဈေးနှုန်း မြင့်တက်လာသဖြင့် အခက်တွေ့နေကြောင်း ဒေသခံများဆီမှ စုံစမ်းသိရှိရသည်။

    ” လူတွေအဆင်မ​ပြေရတဲ့အထဲ တစ်လတစ်လ ဒီမီတာခအတွက်ပဲ လူတွေငွေရှာနေရသလိုဖြစ်နေပြီ။ စျေးတက်တာကိုလည်း ၄ ရက်နေ့ကမှပြောတယ်။ အနည်းဆုံးတစ်လ လောက်တော့​ကြိုပြောသင့်တယ်လေ။ အခုက ချွေတာသင့်တာကို ချွေတာရတော့တာပေါ့။ မလိုအပ်ရင်မသုံးဘဲ အကုန်ပိတ်ထားရတယ်” လို့ ရေးမြို့ပေါ်တစ်ဦးက ဆိုသည်။

    စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာ​ခြင်းကြောင့် တစ်ယူနစ် ကျပ် ၆၀၀ ကနေ ကျပ် ၈၀၀ ထိ တိုးမြှင့်ကောက်ခံလာခြင်းဖြစ်ကြောင်း လျှပ်စစ်မီးပေးနေသည့် မြတ်သူရကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ဆီစျေးတွေတက်လို့ပါ။ မြို့နယ်က လျပ်စစ် အင်ဂျင်နီယာတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဆီစျေး ၂ သောင်းကျော် ပြန်ကျရင် မီတာခလဲ ပြန်လျော့သွားမှာပါ”ဟု မြတ်သူရကုမ္ပဏီတာဝန်ရှိသူက ဆိုသည်။

    စက်သုံးဆီ ဒီဇယ်ဆီ တစ်ပီပါသည် ယခင်က ကျပ် ၂၂၀,၀၀၀ သာ ရှိခဲ့ပြီး ယခု တစ်ပီပါကို ကျပ် ၃၀၅,၀၀၀ ထိ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် မီတာခ တက်ရကြောင်း ဆိုသည်။

    မြတ်သူရကုမ္ပဏီသည် ရေးမြို့ပေါ်ရပ်ကွက်ကြီး ၉ ခုပါအဝင် ကျေးရွာပေါင်း (၁၆) ရွာကို လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဝေပေးနေခြင်း ဖြစ်သည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် အစိုးရလျှပ်စစ်မီး မရရှိသေးသည်မှာ ရေးမြို့နယ်တစ်ခုတည်းသာကျန်ရှိနေခြင်းကြောင့် ပုဂ္ဂလိကလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီများကို ရယူသုံးစွဲနေရခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks