spot_img
Saturday, January 24, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဇနီးနှင့်သားတို့အား အလဲအလှယ်ပြုလုပ်၍ နှီးပဒေါကျေးရွာ NLD ဥက္ကဌဖမ်းဆီးခံရဟုဆို

    ဇနီးနှင့်သားတို့အား အလဲအလှယ်ပြုလုပ်၍ နှီးပဒေါကျေးရွာ NLD ဥက္ကဌဖမ်းဆီးခံရဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၅)

    ထွက်ပြေးတိမ်းရှောင်နေခဲ့ရသော မုဒုံမြို့နယ် နှီးပဒေါကျေးရွာ NLD ဥက္ကဌ ဦးသန်းဝင်း (ခ) အဝင်းသည် ကျေးရွာအာဏာပိုင်များထံ အဖမ်းဆီးခံလိုက်ရသည့် ၄င်း၏ဇနီးနှင့်သားတို့ ၂ ဦးအား အလဲအလှယ်ပြုလုပ်၍ ယမန်နေ့ (အောက်တိုဘာ ၄) တွင် အဖမ်းခံလိုက်ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “နိုင်မန်း အသတ်ခံရကတည်းက သူတို့မိသားစုအားလုံး တောထဲက သူတို့ခြံထဲပြောင်းသွားကြပြီး သွားပုန်းနေကြတာပေါ့၊  အခုသူ့သားနဲ့ ဇနီးတို့က ရွာအုပ်ချုပ်ရေးမှူးရုံးမှာ ထောက်ခံစာလာလုပ်ရင်း အဖမ်းခံလိုက်ရတယ်၊ နောက်ပြီး သူ့ကိုရွာပြန်လာဖို့ သူ့သားနဲ့ ဇနီးက ဖုန်းနဲ့ခေါ်လိုက်တယ်၊ အိမ်ရောက်တော့ ရဲနဲ့စစ်တပ် လာဖမ်းသွားတယ်” ဟု ၄င်းက ဆိုသည်။  

    သေဆုံးခဲ့ရသည့် နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မန်းကို သေနတ်ပစ်သတ်ခဲ့သည့်ထဲတွင် ပါဝင်သည်ဟု သံသယရှိသူ နှီးပဒေါ NLD ဥက္ကဌထံမှ လုပ်သေနတ်တစ်လက်နှင့် လိုင်စင်မဲ့ယာဥ်တစ်စီးပါ ဖမ်းဆီးရမိခဲ့သည်ဟု နစကစစ်ဘက်အာဏာပိုင်တစ်ဦး၏ Facebook တွင် ရေးသားဖော်ပြထားသည်။

    နစကကောင်စီရွေးချယ်ခန့်အပ်ထားသော နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မန်း(ခ) အမန်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်က လုပ်ကြံပစ်သတ်ခံရမှုအပေါ် သံသယရှိသူရွာသားအချို့တို့ ထိုစဥ်ကအဖမ်းခံလိုက်ရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ကျန်ရှိနေသော တိမ်းရှောင်နေရသည့် NLD ပါတီနှင့်နီးစပ်သူအချို့မှာ ထွက်ပြေးနေရဆဲဖြစ်ကြောင်း နှီးပဒေါရွာခံတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အလားတူ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ရေးမြို့နယ် NLD အမတ်ဟောင်း ဦးမျိုးဝင်း၏ မိခင်နှင့်သမီးဖြစ်သူကို အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာက စစ်ဆေးမေးမြန်းလိုသဖြင့် စစ်တပ်ထဲ ခေါ်ဆောင်သွားပြီး အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်း၌ မိခင်ဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း သမီးဖြစ်သူကို ရေးမြို့မ ရဲစခန်း၌ ဆက်လက်ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts