Homeငြိမ်းချမ်းရေးရေးတောင်ပိုင်းတွင် DMD မွန်လက်နက်ကိုင်အဖွဲ့နှင့်ဆက်နွယ်သည်ဟုဆိုကာ ရွာသား ၇ ဦးကို စစ်တပ်ဖမ်းဆီး

ရေးတောင်ပိုင်းတွင် DMD မွန်လက်နက်ကိုင်အဖွဲ့နှင့်ဆက်နွယ်သည်ဟုဆိုကာ ရွာသား ၇ ဦးကို စစ်တပ်ဖမ်းဆီး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၇)

ရေးတောင်ပိုင်းဒေသ၌ လှုပ်ရှားလျက်ရှိသော DMD မွန်လက်နက်ကိုင်အဖွဲ့နှင့် ပါဝင်ပတ်သက်ဆက်နွယ်နေသည်ဟုဆိုကာ မိထော်လှာလေးနှင့် ကျုံညဲရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ရွာသား ၇ ဦးကို စစ်တပ်က ယမန်နေ့တွင် လာရောက်ဖမ်းဆီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

DMD အဖွဲ့နှင့် ဆွေမျိုးတော်စပ်သူဟု စွပ်စွဲခံရသူများ၊ မိထော်လှာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်း ၂ ဦးနှင့် ဒေသခံမဟုတ်သည့် ကားဒရိုင်ဘာတစ်ဦးတို့ပါဝင်ပြီး သာမန်ရွာသားများသာဖြစ်ကြသည်ဟုဆိုသော်လည်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

ဖမ်းဆီးခံရသူများတွင် ၁-နိုင်ကျော်ဦး ၂-နိုင်မြိုင် ၃-နိုင်ကွန်းပကျော့(နာဲကောန်ပစံက်) ၄-နာဲချမ်းမွန် ၅-ကိုမင်းထွန်း ၆-နိုင်ဝင်းရွှေ နှင့် ၇-မိကွန်းဘေ့(မိကောန်ၝောံ) တို့ (၇) ဦးပါဝင်ကြောင်း ယုံကြည်စိတ်ချရသည့်သတင်းအရင်းမြစ်က မွန်သတင်းအေဂျင်စီသို့ သတင်းပေးပို့ခဲ့သည်။

သို့ရာတွင် အဆိုပါအမည်နာမဖော်ပြချက်များ ကွဲလွဲမှုရှိနိုင်သဖြင့် မွန်သတင်းအေဂျင်စီက ဆက်လက်အတည်ပြုလျက်ရှိသည်။

ကျုံညဲကျေးရွာနှင့် ၁၀ မိုင်ခန့်အကွာရှိ ခေါဇာမြို့အခြေစိုက် ခလရ (၃၁) စစ်ကြောင်းတစ်ခုက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အခြားမွန်သတင်းအရင်းအမြစ်များက Online ပေါ်တွင် ရေးသားဖော်ပြသည်။

ရေးတောင်ပိုင်းဒေသတွင် DMD အမည်ဖြင့် မွန်လက်နက်ကိုင်အဖွဲ့တစ်ခု လွန်ခဲ့သည့်သီတင်းပတ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံများထံမှ ငွေကျပ်သိန်း ၂၀၀ ဆက်ကြေးကောက်ခံခဲ့ကြောင်း Online သတင်းတချို့က ဖော်ပြခဲ့သည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts