Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးမော်လမြိုင်နှင့် ဘားအံတို့တွင် မူးယစ်ဆေးဝါးဖမ်းမိ

    မော်လမြိုင်နှင့် ဘားအံတို့တွင် မူးယစ်ဆေးဝါးဖမ်းမိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၄)

    မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြားအများအပြား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ  CCDAC MYANMAR က သတင်းထုတ်ပြန်သည်။

    မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အထက်လမ်းမကြီးနှင့် ဦးဇိနဘုရား လမ်းဆုံ၌ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့က ယာဉ်မောင်း စိုးကျော်သူ(၃၆)နှစ်နှင့် မျိုးဇော်(၃၁)နှစ်တို့ မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၅၀ သိန်း) တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းဆီးအရေးယူထားသည်။

    အလားတူ ဘားအံမြို့နယ်၊ တောင်နားကျေးရွာရှိ နေအိမ်တစ်ခုအား ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်ရှာဖွေရာ အိမ်ရှင် စောအဘီး(ခ)စောညိုသိန်း (၄၄) နှစ်နှင့်အတူ မျိုးမြင့်အောင်(ခ)ကိုလင်း(ခ)လိပ် (၃၆) နှစ်တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၄၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀၂.၉ သိန်း) နှင့် Honda Fit မော်တော်ယာဉ် ၁ စီးတို့ကိုလည်း တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း CCDAC MYANMAR မှ ဖော်ပြခဲ့သည်။

    ထို့အပြင် ရန်ကုန်တိုင်း ရွှေပြည်သာနှင့် မြောက်ဒဂုံမြို့နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၃၆,၈၀၀ အများဆုံးဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်နှင့် မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ဒုတိယအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

    တိုင်းနှင့် ပြည်နယ် ၅ ခုတွင် စိတ်ကြွဆေးပြား ၄ သိန်းကျော်အပါအဝင် ဘိန်းဖြူနှင့်ဆေးခြောက်တချို့ကိုလည်း ယခုရက်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှ စက်တင်ဘာ ၂၃ ရက်က သတင်းထုတ်ပြန်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks