spot_img
Friday, January 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင် ကညနရုံးဗုံးပေါက်ခဲ့သည့်သတင်း သတင်းမှားဟု ကညနငြင်းဆို

    မော်လမြိုင် ကညနရုံးဗုံးပေါက်ခဲ့သည့်သတင်း သတင်းမှားဟု ကညနငြင်းဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၂)

    မော်လမြိုင်မြို့ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန-ကညနရုံး၌ ယမန်နေ့ (စက်တင်ဘာ ၂၁) နေ့ ညပိုင်းက ဗုံးပေါက်ခဲ့သည့်သတင်း  သတင်းမှားသာဖြစ်ကြောင်း (ကညန) ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုးက မွန်သတင်းအေဂျင်စီသို့ ငြင်းဆိုပြောကြားလိုက်သည်။

    ” အဲဒီသတင်းက လုံးဝမမှန်ပါဘူးရှင့်။ အဲဒီရုံးထဲမှာ ကျွန်မ နေတာပါ။ လုံးဝဗုံးမပေါက်ပါဘူးရှင်” ဟု ဒေါ်သိင်္ဂီတိုးက ပြောသည်။

    မော်လမြိုင် ကညနရုံးတွင် ယမန်နေ့ ညဦးပိုင်းအချိန် မိုးရွာနေစဥ် ဗုံးပေါက်ကွဲခဲ့ကြောင်း သတင်းဌာနအချို့က ဖော်ပြခဲ့သည်။

    ” ကျွန်တော်တို့ မနက်က ၅ နာရီထဲက ဒီကို လိုင်စင်လုပ်ဖို့ရောက်နေတာ ပုံမှန်ပါဘဲ။ ဗုံးတကယ်ပေါက်ရင် ဒီနေ့ လာစောင့်နေလို့တောင်ရမယ် မထင်ဘူး” ဟု ဆိုင်ကယ်လိုင်စင် အကျိုးဆောင်တစ်ဦးက ဆိုသည်။

    မွန်ပြည်နယ်တွင် တရားမဝင် မော်တော်ဆိုင်ကယ်များ ပပျောက်ရေးအတွက် လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို စက်တင်ဘာ ၇ ရက်နေ့မှ အောက်တိုဘာ ၂၆ ရက်နေ့အထိ အစိုးရရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts