Homeငြိမ်းချမ်းရေးမြဝတီမြို့ပေါ် နေအိမ်တစ်အိမ်တွင် လက်လုပ်မိုင်းဗုံးပေါက်ကွဲပြီး လူတစ်ဦးသေ

မြဝတီမြို့ပေါ် နေအိမ်တစ်အိမ်တွင် လက်လုပ်မိုင်းဗုံးပေါက်ကွဲပြီး လူတစ်ဦးသေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၁)

ကရင်ပြည်နယ် မြဝတီမြို့ပေါ် နေအိမ်တစ်အိမ်၌ ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်) ည ၇ နာရီခန့်က လက်လုပ်မိုင်းဗုံးပေါက်ကွဲပြီး လူတစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်နေစဥ် ဘားအံမြို့နယ် ခရားအတွင်းရွာက မွန်လူငယ် ကိုကောင်းကောင်း (အသက် ၁၉ နှစ်) သေဆုံးခဲ့ပြီး ကိုဟန်ထွန်းအောင်(၃၉ နှစ်) နှင့် ကိုခိုင် (၁၉ နှစ်) တို့ နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

” ပေါက်ကွဲတာ အသံလဲတော်တော်ကျယ်တယ်။ အဲဒီအိမ်က လူတစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်။ နောက်တော့ စစ်သားနဲ့ရဲတွေ ရောက်လာတယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

လက်လုပ်မိုင်းစမ်းသပ်စဥ်  ပေါက်ကွဲခဲ့​သည်ဟု ယူဆရကြောင်း၊ မြဝတီမြို့အမှတ် (၄ )ရပ်ကွက်၊ အောင်မြေရွှေဘုံ (၂) လမ်းရှိ ဦးစောနိုင်ဝင်း၏ နေအိမ်ကိုငှားရမ်းထားခြင်းဖြစ်ပြီး ၄င်းနေအိမ်ပေါ်တွေ့ရှိသူ အမျိုးသမီးသုံးဦးကိုလည်း ခရိုင်ရဲတပ်ဖွဲမှူးရုံးသို့ ညတွင်းချင်း ခေါ်ဆောင်သွားကြောင်း လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အလားတူ မြဝတီမြို့အရှေ့တောင်ဘက်၊ လေးကေ့ကော်မြို့နယ်ထဲရှိ နေအိမ်တအိမ်တွင် စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တချို့ လက်လုပ်မိုင်း စမ်းသပ်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဌာနတချို့က ဖော်ပြသည်။

-လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေအိမ် (Eleven Media Group)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts