Homeသတင်းမော်လမြိုင် ကညနရုံးတွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးနေ

မော်လမြိုင် ကညနရုံးတွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၀)

မော်လမြိုင်မြို့ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးနေကြောင်း ဆိုင်ကယ်လိုင်စင်အကျိုးဆောင်တစ်ဦးထံက သိရသည်။

ယခင်နှစ်များထက် လိုင်စင်ခွန်ကို သိသိသာသာလျော့ထားပြီး ပျမ်းမျှအားဖြင့် ငွေကျပ်သုံးသိန်းမှ ငါးသိန်းအထိ လျော့ကျသွားကြောင်း ၄င်းဆိုင်ကယ်လိုင်စင်အကျိုးဆောင်က ဆိုသည်။

” အရင်က ၁၂ သိန်းက အခုဆို ၉ သိန်းလောက်ပဲ ပေးရတော့တယ်။ အဲဒီတော့ လူကလဲ ကြိတ်ကြိတ်တိုးနေတာပဲ။နေ့ ရောညရော လာလုပ်နေကြတာ။ ရက်ကလည်းအကန့်အသတ်ရှိတယ်ဆိုလို့လဲ ပါတာပေါ့”ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိအချိန်အထိ မွန်ပြည်နယ်တစ်ခုလုံး၌ လိုင်စင်မဲ့ ဆိုင်ကယ် အစီး ၆၇၇ စီးအတွက် လိုင်စင်ပြုလုပ်ပေးခဲ့ကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုးက ပြောသည်။

၄င်းက “စျေးလျော့တာတွေ၊ မလျော့တာတွေကတော့ ကျွန်မတို့လည်း သေချာမသိဘူး။ အခုတစ်ခါက နိုင်ငံတော်က တိုက်ရိုက်ခိုင်းတာ မလို့ပါ။ စျေးလျော့တယ် မလျော့ဘူးဆိုတာက ကိုယ်တိုင်လာလုပ်နေတဲ့ ပြည်သူတွေပိုသိမှာပါ။”ဟု ဆိုသည်။

မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ ပပျောက်ရေးအတွက် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို အစိုးရရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ပြုလုပ်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းကညနရုံးများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့မှ အောက်တိုဘာ ၁၂ ရက်နေ့အထိ လိုင်စင်များထုတ်ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှသိရသည်။



လိုင်စင်ပြုလုပ်မည့်မော်တော်ဆိုင်ကယ်များ ကြိတ်ကြိတ်တိုးတန်းစီနေပုံ (Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts