spot_img
Sunday, July 13, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးKNU တပ်မဟာ ၄ အား ကျပ်သိန်း ၃၀၀ နီးပါးရှိ အထောက်အပံ့ပစ္စည်းများ တနင်္သာရီတိုင်း တစကအစိုးရထောက်ပံ့

    KNU တပ်မဟာ ၄ အား ကျပ်သိန်း ၃၀၀ နီးပါးရှိ အထောက်အပံ့ပစ္စည်းများ တနင်္သာရီတိုင်း တစကအစိုးရထောက်ပံ့

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၀)

    ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အား ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြုပစ္စည်းနှင့် ဆန်အိတ်များကို တနင်္သာရီတိုင်းဒေသကြီး တစကအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

    COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် KNU တပ်မဟာ ၄၊ မြိတ်ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မော်ကယ် (ဆလုံ) စာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ ခရစ်ယာန်သာသနာပြုအသင်းများသို့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် ဆန်အိမ်များကို တနင်္သာရီတိုင်းဒေသကြီး တစကအစိုးရအဖွဲ့ စက်တင်ဘာ ၁၇ ရက်က ထောက်ပံ့ပေးခြင်း ဖြစ်သည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကျန်းမာရေး အထောက်အကူပြုပစ္စည်းနှင့် ဆန်အိတ်များအား COVID-19 ကာလအတွင်း အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ထောက်ပံ့ခြင်းဖြစ်ကြောင်း  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုပြောကြားခဲ့သည်ဟု သိရသည်။

    KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

    ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လိုအပ်သောဆေးဝါးများနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး လိုအပ်ချက်များရှိပါက တင်ပြနိုင်သလို တိုင်းရင်းသားများအား မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြတ်ကိုက ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံသို့ မှာယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း စက်တင်ဘာ ၁၂ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပထမဆုံး အသုတ်အနေဖြင့် ရောက်ရှိခဲ့ပြီး ကာကွယ်ဆေးထိုး‌နှံပေးရေး ဦးစားပေးအုပ်စုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ခဲ့သည်။

    တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအချို့ အကြောင်းအမျိုးမျိုးပြ၍ NCA သဘောတူညီချက်များကို ချိုးဖောက်မှုများ ရှိသော်လည်း နိုင်ငံသားရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်တာဝန်ရယူထားသည့် တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts