Homeသတင်းကျပ်တစ်သောင်းနှင့် ငါးထောင်တန်များဖျက်သိမ်းသည်ဆိုသည့် သတင်းအမှား အွန်လိုင်းတွင် ပျံ့နှံ့

ကျပ်တစ်သောင်းနှင့် ငါးထောင်တန်များဖျက်သိမ်းသည်ဆိုသည့် သတင်းအမှား အွန်လိုင်းတွင် ပျံ့နှံ့

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၆)

ကျပ်တစ်သောင်းနှင့် ငါးထောင်တန်များ တရားဝင်ငွေစက္ကူုအဖြစ်မှ ဖျက်သိမ်းသည်ဆိုသည့် အမိန့်စာအတု သတင်းအမှား ယနေ့ (စက်တင်ဘာ ၁၆ ရက်) က အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။

ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန်များ ရုတ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုခြင်းမှာ ကောလဟာလသတင်းများသာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

“လူထုဒုက္ခ​ရောက်​အောင် လုပ်ကြံ​နေကြတာ​တော့ နည်းမျိုးစုံပါပဲ။ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ ပုဒ်မ ၃၆ (င) မှာ “နိုင်ငံ​တော်သည် တရားဝင်ထုတ်​ဝေထား​သော ​ငွေ​ကြေးကို တရားမဝင်​ငွေ​ကြေးအဖြစ် သတ်မှတ်ခြင်းမပြု” လို့ ပြဌာန်းထားပါတယ်ခင်ဗျား” ဟု နစကအိမ်စောင့်အစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ကျပ်တစ်သောင်းတန်နှင့် ကျပ် ငါးထောင်တန်များကို ဖျက်သိမ်းမည်ဆိုသည့် ကောလာဟလသတင်းများ ပြီးခဲ့သည့်ကတည်းက ပျံ့နှံ့ခဲ့ပြီး ဗဟိုဘဏ်တာဝန်ရှိသူများ ဖြေရှင်းခဲ့ရပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts