spot_img
Friday, January 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလက်ရှိမြန်မာ့နိုင်ငံရေးပြဿနာ စားပွဲဝိုင်းပေါ်ဆွေးနွေးညှိနှိုင်းမရသည့်အနေအထားရှိနေသည်ဟုသုံးသပ်

    လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာ စားပွဲဝိုင်းပေါ်ဆွေးနွေးညှိနှိုင်းမရသည့်အနေအထားရှိနေသည်ဟုသုံးသပ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၅)

    နိုင်ငံတကာအနေဖြင့် လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းတွင်ဖြေရှင်းစေလိုသော်လည်း နစကအိမ်စောင့်အစိုးရနှင့် NUG နှစ်ခုအကြား ဆွေနွေးညှိနှိုင်းမရသည့်အနေအထားတွင် ရှိနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က ပြောသည်။

    ဦးရဲထွန်း (သီပေါ) က “ပြဿနာတွေကို နိုင်ငံတကာက စားပွဲဝိုင်းမှာ ဆွေးနွေးစေချင်တာ၊ နစကကလည်း သူတို့က အမြဲတမ်းအာဏာယူထားဖို့မဟုတ်ဘူး၊ ၂ နှစ်ဖြစ်ပြီးလို့ရှိရင် အာဏာပြန်လွှဲပြီးတဲ့အခါ ၆ လအတွင်းမှာ ရွေးကောက်ပွဲလုပ်ပေးပါမယ် အခြေခံဥပဒေအတိုင်းသွားနေတာပါလို့ သူတို့ကလည်း တစိုက်မတ်မတ် အဲဒီလိုပြောထားတယ်၊ NUG ဘက်ကကျတော့လည်း မဟုတ်ဘူး ၂၀၂၀ ရွေးကောက်ပွဲရလဒ်က တရားမျှတတဲ့ ရလဒ်ဖြစ်တယ်၊ အဲဒီအတိုင်းပြန်ပြီးတော့ အသိအမှတ်ပြုပေးရမယ် အဲဒါမှသူတို့လက်ခံမယ် ဆိုတော့ ဒီနှစ်ခုကြားမှာ ညှိလို့က မရဘူးဖြစ်နေတယ်”ဟု ဆိုသည်။

    ထို့အတူ မြန်မာပြည်သူလူထုကို ကူညီကာကွယ်ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားကိုး၍ မရတော့ကြောင်း စက်တင်ဘာလ ၁၃ ရက်က NUG ကြေညာလိုက်ခြင်းသည် မိမိတို့၏အင်အားဖြင့်သာ ကြိုးပမ်းသွားရမည်ကို ယတိပြတ်ပြောဆိုခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

    ဦးရဲထွန်း (သီပေါ) က “ကိုယ့်ရှိတဲ့အားနဲ့ ကိုယ်ပဲနိုင်အောင်ကြိုးစားကြရမှာပေါ့၊ NUG အနေနဲ့ကလည်း ယတိပြတ်ပြောလိုက်ပြီ၊ သူတို့အရေးတော်ပုံကိစ္စကို နိုင်ငံတကာ အားကိုးနေလို့မရဘူး၊ သိတဲ့အတိုင်းပဲ ကုလသမဂ္ဂတို့ ဘာတို့ကလည်း သူတို့ကိုယ်တိုင် ဘာမှဝင်မလုပ်နိုင်တဲ့အခါကျတော့ အေစီယံကိုလွှဲတယ်၊ တရုပ်ကလည်း နိုင်ငံခြားကနေပြီးတော့ တပ်တွေနဲ့ဝင်ပြီးတော့စွပ်ဖက်တာကို ကန့်ကွက်တယ်၊ ဒါပေမယ့်အဲဒါတွေကို အချင်းချင်းညှိနှိုင်းဖြေရှင်းကြပါဆိုပြီးတော့ အေစီယံနဲ့သူက သဘောထား တထပ်ထဲပဲရှိတယ်၊ ဒါပေမယ့် အေစီယံက အဓိကတိုက်တွန်းတဲ့ နှစ်ဖက်ကိစ္စတွေကို နိုင်ငံရေးအရ ဆွေးနွေးကြပါ ဆွေးနွေးညှိနှိုင်းပြီးတော့ ဒီအကြမ်းဖက်မှုတွေကို နှစ်ဖက်ရပ်ဆိုင်းထားကြပါ ဆိုတဲ့ဟာက ဖြစ်မလာဘူး”ဟု ဆိုသည်။

    ထို့အပြင် စက်တင်ဘာ ၉ ရက်နေ့က NUG ထုတ်ပြန်လိုက်သည့် အရေးပေါ်ကြေညာချက်သည်လည်း မြန်မာပြည်တွင် သွေးထွက်သံယိုမှု၊ ဆူပူသောင်းကျန်းမှုတွေဖြစ်ပေါ်လာမည်ကို အနောက်နိုင်ငံများက စိုးရိမ်နေကြောင်း၊ အဆိုပါ အရေးပေါ်ထုတ်ပြန်ချက်ကြောင့် NUG အပေါ်သဘောထားကို အနောက်နိုင်ငံများက ပြန်လည်သုံးသပ်နေသည်ကို NCA အပစ်ရပ် ၁၀ ဖွဲ့ပါဝင်သော PPST အစည်းအဝေး၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်း ဘူဂါနာ ပြောဆိုခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)  ရှေ့ဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

    ခွန်ဥက္ကာက “အနောက်နိုင်ငံ တိုင်းပြည်တွေကတော့ NUG ကိုထောက်ခံတယ်တဲ့ သို့သော်လည်းပဲ အဲဒီကြေညာချက်ထွက်လာပြီးနောက်ပိုင်းမှာတော့ နည်းနည်းစိုးရိမ်မှုတွေများပြီး နည်းနည်းပြန်စဉ်းစားကြတယ်ပေါ့ဗျာ အဲဒီလိုပြောကြတယ်၊ နည်းနည်းတော့စိတ်မကောင်းဖြစ်တာပေါ့ မြန်မာပြည်မှာ ဆူပူသောင်ကျန်းမှု အဲဒီသွေးထွက်သံယိုများလာမှာကို သူတို့ကြောက်တယ်ပေါ့၊ ဒါကြောင့် နည်းနည်းတော့ စိုးရိမ်မကင်းဖြစ်တယ် ဆိုတဲ့အသံတွေထွက်လာပြီးတော့ NUG အပေါ်မှာ သူထောက်ခံအားပေးတဲ့ဟာကို ပြန်သုံးသပ်တဲ့သဘောထားတွေရှိတယ်လို့တော့ မစ္စစ်ခရစ္စတင်း ဘူဂါနာ ပြောသွားတာပဲ”ဟု ဆိုသည်။

    ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်ခန့်အပ်ပေးရေး နစက နှင့် NUG တို့ နှစ်ဖက်အပြိုင်အဆိုင် အဆိုပြု တောင်းဆိုချက်အပေါ် လစ်လပ်နေရာအဖြစ်ထားရှိနိုင်သည်ကို နိုင်ငံတကာနှင့် ပြည်တွင်း သံတမန် အသိုင်းအဝိုင်းကြား ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သတင်းများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts