spot_img
Friday, January 16, 2026
More
    spot_img
    HomeCovid 19မွန်ပြည်သစ်ပါတီ သထုံခရိုင် ကိုဗစ်ကာကွယ်ဆေးခွဲတမ်းထက် စာရင်းပေးသွင်းသူများပြား

    မွန်ပြည်သစ်ပါတီ သထုံခရိုင် ကိုဗစ်ကာကွယ်ဆေးခွဲတမ်းထက် စာရင်းပေးသွင်းသူများပြား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၉)

    မွန်ပြည်သစ်ပါတီ သထုံခရိုင်အုပ်ချုပ်ရေးဒေသအတွက် ရရှိထားသောကိုဗစ်ကာကွယ်ဆေး ခွဲတမ်းထက် စာရင်းလာရောက်ပေးသွင်းသူ များပြားနေသဖြင့် ယခုပထမအကြိမ်ကာကွယ်ဆေးထိုးနှံရာတွင် ဆေးလုံလောက်မှုမရှိကြောင်း တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန် သထုံခရိုင်အတွက် လူအယောက် (၈၅၀) စာ ဆေးအလုံးရေလျာထားသော်လည်း ယမန်နေ့က ကာကွယ်ဆေးစတင်ထိုးနှံသည့်အခါ စာရင်းလာရောက်ပေးသွင်းသူ (၁၅၀၀) ကျော်ရှိသည်ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင် ကျန်းမာရေးဌာနတာဝန်ခံ နိုင်ဇော်မင်းဦးက ဆိုသည်။  

    နိုင်ဇော်မင်းဦးက “ဒီတတိယလှိုင်းမှာ ကျနော်တို့ ခရိုင်အုပ်ချုပ်ရေးရုံးဌာနချုပ်အနီးအနားရွာတွေက လူသေနှုန်း မြင့်ခဲ့တယ်။ ကာကွယ်ဆေးလာထိုးကြဖို့ ဒေသခံလူထုတွေကို နှိုးဆော်ပြီး စာရင်းလာသွင်းခိုင်းတယ်။ ထင်ထားတာထက် ကျတော်တို့ဆီ စာရင်းလာသွင်းကြတာ တော်တော်များတယ်။ ကာကွယ်ဆေးထိုးဖို့ကို လူထုက စိတ်ဝင်စားလာကြပြီ” ဟု ပြောသည်။

    အဆိုပါ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်သော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဗိန်းကျေးရွာသာသနာဗိမာန်ကျောင်း၌ မွန်ပြည်သစ်ပါတီ ဗဟို ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီ၏ အစီအစဉ်ဖြင့် မွန်ပြည်သစ်ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံဆရာဝန်များ ပူးပေါင်း၍ ထိုးနှံပေးခဲ့သည်ဟု သိရသည်။

    အလားတူ မွန်ပြည်သစ်ပါတီ မော်လမြိင်ခရိုင်အုပ်ချုပ်ရေးဒေသအခြေစိုက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၌ ယမန်နေ့က ပထမကြိမ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာတွင် ရရှိထားသည့်ဆေးခွဲတမ်းအရေအတွက်ထက် လာရောက်ထိုးနှံသူများပြားသဖြင့် ဆေးမလုံမလောက်ဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

    “ကြိုတင်စာရင်းပေးထားတာက လူအယောက် ၂၀၀ တောင်မရှိလောက်ဘူး၊ ကာကွယ်ဆေးထိုးတဲ့အခါကျမှ အသက်အန္တရာယ်စိုးရိမ်စရာဘူး တွေ့ရတော့ တခါထဲလူတွေအုံလာပြီး ဆေးလာထိုးကြတယ်လေ၊ လူများတော့ ဆေးကမလောက်တော့ပါဘူး၊ ကျမလည်း ဆေးထိုးပြီးပြီ ဘာမှမဖြစ်ပါဘူး ပုံမှန်ပဲ နေကောင်းပါတယ်”ဟု တောင်ပေါက်ရွာသူ မိမီးက ဆိုသည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန် အစိုးရကျန်းမာရေးဌာနက ဆေးအလုံး ၅ ထောင်ထောက်ပံ့ပေးထားကြောင်း မွန်ပြည်သစ်ပါတီ ဗဟို ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီ ဥက္ကဌ နိုင်ဗညားလယ်က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့ပြီးဖြစ်သည်။

    သို့ရာတွင် “လူတော်တော်များ လာမထိုးရဲကြဘူး၊ ရေးချောင်းဖျားဒေသ ဝယ်ဇင်မှာ ဆေးအလုံး ၅၀၀ က ၂၀၀ လောက်ပဲကုန်တယ်၊ ဂနီအတွက် အလုံး ၄၀၀ က ၁၀၀ ကျော်ကျော်လေးပဲ ထိုးဖြစ်တယ်၊ ကာကွယ်ဆေးထိုးတာ အသက်အန္တရယ်ရှိနိုင်တယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်က ကောလဟာလတွေကို လူတော်တော်များများက ယုံကြည်နေကြတယ်၊ အဲဒီကောလဟာလတွေကြောင့် ကာကွယ်ဆေး လာမထိုးရဲကြဘူး” ဟု နိုင်ဗညားလယ်က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts