spot_img
Sunday, December 21, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမှောင်တစ်ခေတ်သို့ ပြန်ရောက်ဟုဆို

    ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမှောင်တစ်ခေတ်သို့ ပြန်ရောက်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁၊ ဩဂုတ် ၁၉)

    လက်ရှိ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမှောင်ခေတ်သို့ ပြန်ရောက်သွားပြီး အလင်းရောင် မမြင်ရတော့သည့် အနေအထားသို့ ရောက်ရှိနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

    ၂၀၁၁ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် ဦးသိန်းစိန် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး အကောင်အထည်ဖော်ခဲ့ကြသည်မှာ ယနေ့ဆိုလျင် (၁၀)နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။

    “အခုလက်ရှိ အခြေအနေတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က မှောင်သွားပြီ အလင်းရောင်ကို မမြင်ရတော့ပါဘူး။ စောစောတုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အလင်းရောင်လေးကို ဖြတ်ခနဲတွေ့ရတယ်ဆိုပြီး အိုဘားမားပြောသလိုပေါ့။ အဲဒီ ဖြတ်ခနဲတွေ့ရတဲ့ အလင်းရောင်ဟာ ပြန်မှောင်သွားတဲ့အတွက် အမှောင်ခေတ်တစ်ခေတ်ကိုတော့ ပြန်ရောက်တာပေါ့ဗျာ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

    ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ် အာဏာရယူပြီးနောက် ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရလက်ထက်တွင် လုပ်ဆောင်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ သုညအဆင့်သို့ ရောက်ရှိသွားကြောင်း၊ လက်ရှိ စစ်တပ်က အာဏာရယူပြီးသည့် နောက်ပိုင်း ခြောက်လမှာ တစတစဖြင့် ပြန်လည်တည်ဆောက်နေပြီး တပ်မတော်နည်း တပ်မတော်ဟန်နှင့် သွားနေကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

    “Reform (ပြုပြင်ပြောင်းလဲရေး) လုပ်ပေးတဲ့ ၁၀ နှစ်မှာ ထိုက်သင့်သလောက် တိုးတက်ပေမယ့် ဒါတွေအားလုံးက တစ်သက်လုံးမွေးလာတဲ့ကြက်ကို တစ်မနက်နဲ့ ရိုက်ချဆိုသလိုပေါ့။ ၂၀၂၁ ဖေဖော်ဝါရီ ၁ လရက်နေ့က စပြီး အဲဟာတွေ အားလုံး သုညအဆင့်ကို ပြန်ဆင်းသွားပြီပေါ့။ ပြန်ဆင်းသွားပြီးတော့ သုံးလ ခြောက်လမှာ တစ်စ တစ်စ ပြန်လည်တည်ဆောက်မယ်ဆိုတဲ့ ပုံမျိုးကို လက်ရှိစစ်ကောင်စီက စဉ်းစားနေတာနဲ့ တူပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် ဒီအတိုင်း အမှောင်ထဲမှာတော့ မရဘူး။ အလင်းရောင်ကိုတော့ ပြရမယ်ဆိုတဲ့ အနေနဲ့ တတ်နိုင်သလောက်တော့ တပ်မတော်နည်း တပ်မတော်ဟန်နဲ့ပေါ့ဗျာ ဆက်သွားမယ်လို့တော့ ကျနော်ယူဆတယ်ဗျ” ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

    ထို့အတူ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကြောင့် နှစ်ပေါင်း (၁၀) နှစ်နီးပါး ကြိုးစားလာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရပ်ဆိုင်းသွားပြီး လက်ရှိတွင် နိုင်ငံရေးဆွေးနွေးပွဲများလက်ခံ၍မရဘဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူလူထုနှင့် ပူးပေါင်းမှုများရှိလာသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဆိုသည်။

    “အထူးသဖြင့် အကောင်အထည်ဖော်မှုပိုင်းမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ နိုင်ငံရေးပိုင်းဆိုင်ရာကိစ္စတွေလည်း အများကြီး ပြဿနာရှိပါတယ်။ အထူးသဖြင့် တစ်ပြည်လုံးအပစ်ခတ်ရပ်စဲရေးမှာရှိတဲ့ အချက်တွေက တပ်ပိုင်းဆိုင်ရာရယ် နိုင်ငံရေးရယ်နောက်ပြီးတော့ ကြားကာလ စီမံခန့်ခွဲမှုက အဲတာတွေ အကုန်လုံးပြောရရင် အကောင်အထည်ဖော်နိုင်တာ မရှိပါဘူး။ ဆွေးတော့ ဆွေးနွေးကြပါတယ် သို့သော်လည်း အောင်မြင်တယ်လို့ ပြောလို့မရပါဘူး” ပဒိုစောတောနီးက ပြောသည်။

    လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်များအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရပ်ဆိုင်းထားကြောင်း အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts