HomeCovid 19မွန် ၃ မြို့နယ်တွင် ဒေသခံအလှူရှင်များ အစီအစဥ်ဖြင့် အောက်စီဂျင်စက်ရုံများ တည်ဆောက်

မွန် ၃ မြို့နယ်တွင် ဒေသခံအလှူရှင်များ အစီအစဥ်ဖြင့် အောက်စီဂျင်စက်ရုံများ တည်ဆောက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၁၃)

မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ် ၃ ခုတွင် ဒေသခံအလှူရှင်များ အစီအစဥ်ဖြင့် အောက်စီဂျင်စက်ရုံများကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

မော်လမြို့မြို့ပေါ်တွင် ရာမညရဌဗုဒ္ဓတက္ကသိုလ်ကျောင်းဝင်း၊ မော်လမြိုင်သာသနာနွယ်ဖောင်ဒေးရှင်းကျောင်းဝင်း၊ မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းဝင်း၊ သံဖြူဇရပ်မြို့(ဖောင်စိန်) နှင့် ပြည်သူ့ဆေးရုံတို့တွင် အောက်စီဂျင်စီရုံများ တည်ဆောက်လျက်ရှိကြောင်း လူမှုစာမျက်နှာများပေါ်မှလည်း ဖော်ပြထားသည်။

မုဒုံမြို့နယ် အောက်စီဂျင် တည်ဆောက်ရေးကြီးကြပ်ကော်မတီ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တကေတုဝါရ က “ရုံဆောက်နေတာတော့ ပြီးသလောက်ဖြစ်နေပြီ။ စက်တွေပဲ စောင့်နေတာ စက်က စာချုပ်အတိုင်းဆို ရက်ပေါင်း ၃၀ ပေါ့။ ဘုန်းဘုန်းတို့ စာချုပ်ချုပ်တာက ဇူလိုင် ၂၆ မှာချုပ်တယ်။ သူတို့ ရက်ပေါင်း ၃၀ ဆိုတော့ တွက်လိုက်ရင် ၈ လပိုင်း ၂၄ ဆိုရင်တော့ ရောက်ပြီပေါ့”ဟု ဆရာတော်က ပြောသည်။

အောက်စီဂျင်စက်ရုံကို အလှူရှင်များ၏ မတည်ငွေဖြင့် တည်ဆောက်မည်ဖြစ်ပြီး ထွက်ရှိလာမည့် အောက်စီဂျင်အိုးများကို လိုအပ်နေသောနေရာများတွင် ထာဝရ အခမဲ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

အလားတူ ‌ မွန်ဒေသလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးကာကွယ်ထောက်ပံ့ရေး ကော်မတီကအတွက် အောက်စီဂျင်စက်ရုံတည်ဆောက်ရန် မြေနေရာရရှိထားပြီဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့က ရာမညရဌ ဗုဒ္ဓတက္ကသိုလ် ကျောင်းဝင်း ထဲမှာ နေရာချထားတယ်ပေါ့။ အဲဒီအတွက်ကို စက်ရုံတည်ဆောက်ဖို့လည်း စလုပ်နေပြီ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း အသိပေးအကြောင်းကြားထားတာတွေ လုပ်ထားပြီးပါပြီ”ဟု ၎င်းက ပြောသည်။

၄င်းအောက်စီဂျင်စက်၏ တန်ဖိုးအပါအဝင် အားလုံး ကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၁၁၀၀ ကျော် ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ လက်ရှိတွင် မော်လမြိုင်မြို့ပေါ်ရှိ “လွင်အောက်စီဂျင်ထုတ်လုပ်ရေး စက်ရုံမှ တစ်နေ့လျှင် (၄၀)လီတာအိုး အလုံးပေါင်း(၄၀၀) ခန့်ကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၊ တပ်မတော်ကုတင်(၃၀၀)ဆေးရုံ၊ ပြည်နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံးများ၊ ပြည်နယ်ပရိယတ္တိဗိမာန်၌ဖွင့်လှစ်ထားသော isolation ကိုအဓိကပေးပို့လျက်ရှိပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်၍ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများသို့ ခွဲတမ်းဖြင့် ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်၊၊

သံဖြူဇရပ်မြို့(ဖောင်စိန်) အောက်စီဂျင်စက်ရုံ (Minn Latt)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts