spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်ငံရေးပြဿနာများဖြေရှင်းရေးတွင် ပြည်တွင်းအင်အားစုများက အဓိကကျပြီး နိုင်ငံတကာအနေဖြင့် ပံ့ပိုးပေးနိုင်သည့်အခန်းကဏ္ဍမှာသာရှိနေကြောင်း ရဲဘော်မျိုးဝင်းပြော

    နိုင်ငံရေးပြဿနာများဖြေရှင်းရေးတွင် ပြည်တွင်းအင်အားစုများက အဓိကကျပြီး နိုင်ငံတကာအနေဖြင့် ပံ့ပိုးပေးနိုင်သည့်အခန်းကဏ္ဍမှာသာရှိနေကြောင်း ရဲဘော်မျိုးဝင်းပြော

    -

    မွန်သတင်းအေဂျင်စီ ( ၇ သြဂုတ် ၂၀၂၁)

    လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာများဖြေရှင်းရေးတွင် ပြည်တွင်းအင်အားစုများအားလုံးကသာ ပို၍အဓိကကျပြီး နိုင်ငံတကာအနေဖြင့် ပံ့ပိုးနိုင်သည့်အခန်းကဏ္ဍမှာရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး(ABSDF) မှ ရဲဘော်မျိုးဝင်းက ပြောသည်။

    “အဓိကကျတာကတော့ ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာဖြေရှင်းရေးမှာကတော့ ကျနော်တို့ တိုင်းပြည်တွင်းမှာရှိတဲ့ အင်အားစု အားလုံးရဲ့ ပါဝင်ဆောင်ရွက်မှုက ပိုလို့ အဓိက ကျတာပေါ့နော်။ နိုင်ငံတကာဆိုတာ ပံ့ပိုးနိုင်တဲ့ အခန်းကဏ္ဍမှာပဲ ရှိတာပေါ့နော်။ ဒါပေမယ့် ဘာပဲ ပြောပြောပါ ကျနော်တို့ အင်အားစုကြားမှာ ဖြေရှင်းနိုင်ဖို့အတွက် ပြဿနာအခက်အခဲရှိနေတဲ့ အနေအထားပေါ် မူတည်ပြီးတော့မှ နိုင်ငံတကာအနေနဲ့ ကြားဝင်ပြီးတော့မှ ဝင်ရောက်ဖြေရှင်းပေးမယ်ဆိုတဲ့ ဒီအာဆီယံရဲ့ သဘောတူချက် အချက် (၅) ချက်လည်းပဲ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့ အနေအထားလည်း ကျနော်တို့ မြင်တယ်။ အဲအတွက်ကိုလည်းပဲ ကြိုဆိုတာပေါ့နော်” ဟု ရဲဘော်မျိုးဝင်းက ပြောသည်။

    ထို့အတူ မြန်မာပြည်ဆိုင်ရာ အာဆီယံ အထူးသံတမန် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehln Yusof ကြားဝင်ဖြေရှင်းမှုကိုလည်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ကြိုဆိုလိုက်သည်။

    သို့ရာတွင် လက်ရှိ နိုင်ငံရေးပြဿနာများ ဖြေရှင်းရာတွင် မြန်မာပြည်၏ လက်တွေ့ နိုင်ငံရေးလိုအပ်ချက်များနှင့် ကိုက်ညီဖို့ လိုအပ်ကြောင်းနှင့် အာဆီယံ သဘောတူချက် (၅)ချက်ကို အခြေခံပြီး ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်သင့်သူ ပါဝင်ထိုက်သူ အားလုံးပါဝင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က ပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ မြန်မာ့အရေး အရေးပေါ် အစည်းအဝေး၌ ဘုံသဘောတူညီချက် ငါးချက်ကို ထုတ်ပြန်လိုက်ခဲ့ရာ (၁) မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်။ (၂) ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြရန်။(၃) အာဆီယံအတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးက ကြားဝင်ညှိနှိုင်းပေးရန်။ (၄) အာဆီယံအသင်း၏ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနမှ တဆင့် မြန်မာနိုင်ငံကို အကူအညီများပေးအပ်ရန်။ (၅) သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရေး အာဆီယံအထူးကိုယ်စားလှယ်နှင့်အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ရန် စသည့် အချက်(၅) ချက်ပါဝင်သည်။

    ထို့အတူ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ မြန်မာအထူးသံတမန်အဖြစ် H.E. Dato Erywan Pehln Yusof ကို အာဆီယံက ခန့်အပ်ခဲ့ခြင်းကို နစကကောင်စီက ပြီးခဲ့သည့် ဩဂုတ် ၄ ရက်တွင် သဘောတူလက်ခံကြောင်း အတည်ပြုခဲ့သည်။

    နစကကောင်စီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များ ဖျက်သိမ်းခဲ့ခြင်းသည် ပြည်ထောင်စု၏ ဒီမိုကရေစီအသွင်ကူးပြောင်းတိုးတက် ဖြစ်ထွန်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

    ABSDF တပ်ဖွဲ့

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks