Tuesday, March 10, 2026
More
    spot_img
    HomeCovid 19ပါဠိပါရဂူ တရဏာဆရာတော် ဘဒ္ဒန္တဝိသာရဒ သက်တော်(၇၄)နှစ် ပျံလွန်တော်မူ

    ပါဠိပါရဂူ တရဏာဆရာတော် ဘဒ္ဒန္တဝိသာရဒ သက်တော်(၇၄)နှစ် ပျံလွန်တော်မူ

    -

    မွန်သတင်းအေဂျင်စီ (၅ သြဂုတ် ၂၀၂၁)

    ကျိုက်မရောမြို့နယ် တရဏာကျေးရွာ ရာမညနိကာယ ဘာဓမ္မစက်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိသာရဒ သက်တော် (၇၄) နှစ် (၅၄) ဝါသည် မော်လမြိုင်မြို့ သာသနာရက္ခိတဘုန်းတော်ကြီးကျောင်း၌ ဆေးကုသခံယူရင်း ယနေ့နံနက် ၉ နာရီခန့်က ဘဝနတ်ထံပျံလွန်တော်မူကြောင်း သတင်းရရှိသည်။

    နာတာရှည်ရောဂါအခံရှိသူဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် အောက်စီဂျင်ဖြင့် တစ်ပတ်ကျော်ကြာ ကုသခံယူစဉ် ပျံလွန်ခဲ့ခြင်းဖြစ်သည်။

    အစိုးရပထမပြန်စာမေးပွဲတွင် သာသနာဓဇဓမ္မာစရိယဘွဲ့တဆိပ်တော် ဒီဃနိကာယ ပါဠိပါရဂူအောင်မြင်ခဲ့သူ မွန်ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး ကော့ဘိန်းပရိယတ္တိစာသင်တိုက် စာချဆရာတော်ဟောင်းလည်း ဖြစ်ခဲ့သည်။

    ထို့အပြင် ကောဇာသက္ကရာဇ် ၁၃၆၀ ခုနှစ်တွင် “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ” နှင့် ၁၃၆၈ ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တဆိပ်တော်ချီးမြှင့်ခံရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks