Saturday, March 14, 2026
More
    spot_img
    HomeCovid 19သံဖြူဇရပ်မြို့တွင် အောက်စီဂျင်စက်ရုံ ၆၀ ရာနှုန်းနီးပါးပြီးစီး

    သံဖြူဇရပ်မြို့တွင် အောက်စီဂျင်စက်ရုံ ၆၀ ရာနှုန်းနီးပါးပြီးစီး

    -

    မွန်သတင်းအေဂျင်စီ ( ၄ သြဂုတ် ၂၀၂၁)

    သံဖြုဇရပ်မြို့တွင် ၁၆ တန် Liquid oxygen စက်ရုံ (ဖောင်စိန်)နှင့် ဆေးရုံအတွင်း တည်ဆောက်လျှက်ရှိသည့် အောက်စီဂျင်စက်ရုံ ၂ ရုံ ယခုလကုန်ပိုင်းအတွင်း ပြီးစီးနိုင်မည်ဟု သံဖြူဇရပ်မြို့နယ် အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

    သံဖြူဇရပ်မြို့နယ် အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေး ဆပ်ကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ဦးထွန်းမြင့်ကျော် (ခေါ်) နိုင်မင်းလတ်) က “ စက်ပစ္စည်းတွေလည်း အကုန်ရောက်နေပြီး ဆင်စရာရှိတာလည်းဆင်နေပါပြီး  ရုံးကလည်းဆောက်နေပြီးဆိုတော့ ၄၀/၆၀ ရာနှုန်းလောက်တော့ ပြီးနေပြီ၊  စက်က ၂ မျိုးဆိုတော့ နေရာကလည်း ၂ နေရာပေါ့ အများဆုံးတော့ ဒီလကုန်လောက်ဆို လည်ပတ်နိုင်တော့မယ်ထင်တယ်” ဟု ပြောသည်။

    Photo Crd- ဗိုလ်အောင်ဒင်

    အောက်စီဂျင်ရရှိရေးအတွက် သံဖြူဇရပ်မြို့နယ်တွင် အပိုင်း ၃ ပိုင်းဖြင့်ဆောင်ရွက်နေပြီး ပထမပိုင်းအနေဖြင့် လူနာ ၁၂ ယောက်တစ်ပြိုင်တည်း အောက်စီဂျင်ပေးနိုင်သည့် အောက်စီဂျင်ပေးစက်နှင့် အောက်စီဂျင်အရည်ဖြည့်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဒုတိယပိုင်းအနေဖြင့် ၁၆ တန် Liquid Oxygen စက်ရုံ (ဖောင်စိန်) စက်ရုံပြီးစီးသွားပါက တစ်ရက်လျှင် liquid oxygen (၄၀)လီတာအိုး ၁၀၀၀ အထိထုတ်လုပ်နိုင်ခြင်း၊ တတိယပိုင်းအနေဖြင့် သံဖြူဇရပ်မြို့နယ်ဆေးရုံနှင့် Quaratine Center များအတွက် သံဖြူဇရပ်မြို့နယ်ဆေးရုံဝင်းအတွင်း Oxygen Plant တစ်လုံးတည်ဆောက်လျှက်ရှိပြီး Oxygen  စက်ရုံများအားလုံးပြီးစီသွားပါက အခြားမြို့နယ်များကိုပေးလှူနိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်။

    “ အဓိကက  သံဖြူဇရပ်မြို့နယ်အတွင်းကဆေးရုံ ၆ ခုကို ဦးစားပေး ၁ လို့သတ်မှတ်မယ်၊ ပရဟိတ္တအဖွဲ့တွေကို ဦးစားပေး ၂ ၊ အိမ်ထဲမှာရှိနေတဲ့ လူနာတွေကို ဦးစားပေး ၃ ပြီးရင် ဦးစားပေး ၄ မှ သံဖြူဇရပ်မြို့ ပြင်ပတွေကို ဦးစားပေးသွားမယ် အဲလိုအကြမ်းဖျဉ်းတော့ ရှိပါတယ်” ဟု ဦးထွန်းမြင့်ကျော်က ပြောသည်။

    လက်ရှိတွင် မော်လမြိုင်မြို့အပါအဝင် မြို့နယ်အားလုံး၌ လတ်တလော အောက်စီဂျင်လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ အလားတူ မော်လမြိုင်သာသနာနွယ်ဖောင်ဒေးရှင်းကလည်း အောက်စီဂျင်စက်ရုံတစ်ရုံ ဆောက်လုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

    Photo Crd- ဗိုလ်အောင်ဒင်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks