Saturday, March 14, 2026
More
    spot_img
    Homeသတင်းဆန်မှလွဲ၍ အခြေခံစားသောက်ကုန်များ ဈေးတက်လာ

    ဆန်မှလွဲ၍ အခြေခံစားသောက်ကုန်များ ဈေးတက်လာ

    -

    မွန်သတင်းအေဂျင်စီ၊ (၂၀၂၁ ဩဂုတ် ၃)

    တခြားပြည်နယ်နှင့်တိုင်းနည်းတူ ကိုဗစ်တတိယလှိုင်းကို အကြီးအကျယ်ခံစားနေရသည့် မွန်ပြည်နယ်အတွင်း ဆန်မှလွဲ၍ အခြေခံစားသောက်ကုန်များ သိသိသာသာ စျေးမြင့်တက်လာကြောင်း အထူးသဖြင့် ထိုင်းနိုင်ငံမှ တင်သွင်းသော စားကုန်များ ပို၍ဈေးတက်နေကြောင်း တွေ့ရှိရသည်။

    အခြေခံစားသောက်ကုန်များ ဖြစ်သော ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် ထိုင်းနိုင်ငံမှ တင်သွင်းသော စားသောက်ကုန်များ ဈေးတက်နေခြင်းဖြစ်ကြောင်း သီရီမြိုင်ရပ်ကွက်မှ ဦးစိုးက ပြောသည်။

    “ကြက်ဥက အရင်တုန်းက တစ်လုံး ၁၀၀ိ ရှိတယ်။ အခု ၁၅၀ိ နဲ့ ၁၈၀ိ ကြားမှာ ရှိတယ်။ ချဉ်ပေါင်ရွက်တွေအစ ဈေးတက်တယ်။ အသီးအနှံတွေ အကုန်ဈေးတက်တယ်။ ချဉ်ပေါင်ရွက်က ၇၀ိ။ ၃ စည်း ၂၀၀ိ။ အခုက ၁ စည်းကို ၁၅၀ိ လောက်ရှိတယ်။ ကန်စွန်းရွက်အစ တက်တယ်”ဟု ၎င်းက ပြောသည်။

    သို့ရာတွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော ဆီ၊ ကြာဇံ၊ ဟင်းခတ်အမှုန့်များလည်း ယခင်ဈေးနှုန်းထက် ကျပ် ၈၀၀ိ မှ ၁၂၀၀ ထိ ပိုမြင့်တက်လာသော်လည်း သားငါးဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်း မရှိကြောင်း ၄င်းက ဆက်ပြောသည်။

    မောင်ငံရပ်ကွက်မှ မမေဇင်က “ဈေးတွေကတော့ အကုန်တက်နေတာပဲ။ နိုင်ငံရေးက တစ်မျိုး၊ ကိုဗစ်က တစ်မျိုးဆိုတော့ ကုန်ဈေးနှုန်းကတော့ ပြန်ကျဖို့ မရှိသေးဘူးထင်တာပဲ။ ထပ်တက်လာဖို့ပဲရှိတယ်”ဟု ယူဆပြောဆိုသည်။

    အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများ  စားဝတ်နေရေးအခက်အခဲ ရှိလာမည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း မြင့်တက်လာမှုကို ထိန်းပေးနိုင်ပါက ပြည်သူများအတွက် ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

    ယနေ့ မော်လမြိုင် ကုန်စည်ဒိုင်ဈေးနှုန်းပေါက်ဈေးအရ ပေါ်ဆန်းမွှေးဆန်(၁၀၈ ပေါင်) ၄၂၄၀၀ိ၊ ဧည့်မထဆန်(၁၀၈ ပေါင်)၂၈၃၀၀ိ၊ ကြက်ဥ ၁၀ လုံး ၁၃၀၀ိ၊ ဘဲဥ ၁၀ လုံး ၁၅၀၀ိ၊ ကြက်သားတစ်ပိဿာ ၅၀၀၀ိ စျေးပေါက်သည်ဟု တွေ့ရသည်။

    အလားတူ  တခြားတိုင်းနှင့်ပြည်နယ်နည်းတူ မွန်ပြည်နယ်သည် ဆေးဝါးဈေးနှုန်း အဆမတန် မြင့်တက်လာမှုကို ပြည်သူအများ ခံစားနေရကြောင်း သတင်းများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks