spot_img
Saturday, February 21, 2026
More
    spot_img
    HomeCovid 19မွန်ဇာတ်မင်းသားကြီး မွန်စိန်အောင် အသက် (၈၇) နှစ် ကွယ်လွန်

    မွန်ဇာတ်မင်းသားကြီး မွန်စိန်အောင် အသက် (၈၇) နှစ် ကွယ်လွန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁-ဇူလိုင် ၃၁)

    မွန်ဇာတ်မင်းသားကြီး မွန်စိန်အောင် အသက် (၈၇) နှစ်သည် သံဖြူဇရပ်မြို့ အောင်သာယာနေအိမ်၌ ဇူလိုင် (၃၀) ရက်၊ ည (ရး ၁၅) အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

    “မွန်ဆိုတာကို အများကသိအောင်လို့ နာမည်ရှေ့ဆုံးက ထားပြီးမှည့်ခဲ့တာပါ” ဟု ၎င်း၏ အင်တာဗျူးမှတ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

    မွန်စိန်အောင်သည် ဇာတ်မင်းသားတို့နှင့် လိုက်ဖက်သည့် ရုပ်ရည်ရူပကာရှိသူဖြစ်သည့်အလျှောက် တချိန်က မွန်ပျိုမေတို့အကြား အသည်းစွဲမင်းသားတစ်ပါးဖြစ်ခဲ့ကြောင်း သိရသည်။

    အကဝိဇ္ဇာ မွန်စိန်အောင်၏ ခေါင်းအကသည် ၎င်း၏အနုပညာသင်္ကတအဖြစ် ကျန်ရစ်နေခဲ့ကြောင်း တွေ့ရွိရသည်။ 

    ဝန်ကြီးချုပ်ဦးနု ပါလီမာန်ခေတ် (၁၉၅၇ ခုနှစ်) က မော်လမြိုင်မြို့၌ ကျင်းပသော မွန်ယဉ်ကျေးမှုပြပွဲတွင် ရွှေတံဆိပ်ချီးမြှင့်ခြင်းခံခဲ့ရသဖြင့် နိုင်ငံကျော်ဇာတ်မင်းသားတစ်ပါးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

    “ဖေဖေရေ ဖေဖေ့ကိုနောက်တကြိမ်ပြန်တွေ့ဖို့ သမီးလေးဆုတောင်းမပြည့်ခဲ့ဘူး နောက်ဘဝများရှိခဲ့ရင် ဖေဖေ့ရဲ့သမီလေးပဲဖြစ်ခွင့်ပေးပါ၊ ဖေဖေကောင်းရာဘုံဘဝမှာရောက်ရှိနိုင်ပါစေလို့ အဝေးကနေ သမီးဆုတောင်းပေးလိုက်ပါတယ်” သြစတေးလျနိုင်ငံတွင် နေထိုင်သည့်သမီးဖြစ်သူ မိအေးမွန်စန်း၏ လူမှုစာမျက်နှာတွင် ရေးသားဖော်ပြသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks