spot_img
Saturday, January 31, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအစင်ကျေးရွာ ပြည်ခိုင်ဖြိုးအမှုဆောင်နေအိမ်စျေးဆိုင် လက်ပစ်ဗုံးပစ်ပေါက်ခံမှုကြောင့် သမီးဖြစ်သူဒဏ်ရာစိုးရိမ်ရရှိ

    အစင်ကျေးရွာ ပြည်ခိုင်ဖြိုးအမှုဆောင်နေအိမ်စျေးဆိုင် လက်ပစ်ဗုံးပစ်ပေါက်ခံမှုကြောင့် သမီးဖြစ်သူဒဏ်ရာစိုးရိမ်ရရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၃၀)

    ရေးမြို့နယ် အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ USDP အလုပ်အမှုဆောင် ဦးမောင်အုန်း နေအိမ်သို့ ပြီးခဲ့သည့်ညပိုင်း (ဇူလိုင် ၂၉)က အမည်မသိဆိုင်ကယ်စီးလူ ၂ ယောက်မှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့ရာ အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရေးမြို့ပြည်သူ့ဆေးရုံကြီးမှတဆင့် မော်လမြိုင်သို့ ပို့ဆောင်ခဲ့ရသည်။

    အဆိုပါ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ဦးမောင်အုန်း၏ နေအိမ်တွင် စျေးဆိုင်ရောင်းနေသည့် သမီးဖြစ်သူ မနွဲ့နွဲ့စိုး (အသက် ၂၆ နှစ်) ယာဘက်လက်ဖမိုးတစ်လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲဘက်ရင်အုံအောက် ပေါက်ပြဲဒဏ်ရာ(၁)ချက် ၊ ဝဲဘက်ပေါင် ပေါက်ပြဲ ဒဏ်ရာ(၂)ချက်(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

    စျေးဆိုင်ရောင်းနေသူ မနွဲ့နွဲ့စိုး ဆိုင်သိမ်းနေစဥ် ည ၈ နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် လမ်းမကြီးအတိုင်း ရေးမြို့ဘက်မှလာသော မော်တော်ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးအနက် တစ်ဦးက စျေးဆိုင်သို့ လက်ပစ်ဗုံးပစ်သွင်းခဲ့ရာ ဆိုင်အရှေ့ ရေမြောင်းဘေးအစပ်တွင် ကျရောက်ပေါက်ကွဲထိမှန်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

    ယင်းဖြစ်စဥ်ကို ရဲလုပ်ထုံးနည်းအတိုင်း အမှုဖွင့်ထားသည်ဆိုသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးပေ။

    ပြီးခဲ့သည့်မေလ ၂၅ ရက်နေ့က ရေးမြို့ အောင်မင်္ဂလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အလက-၂ ကျောင်းသို့ လက်ပစ်ဗုံးတစ်လုံးစီ ပစ်သွင်းခံခဲ့ရသည့် လက်သည်များကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း၊ မြို့နယ်အတွင်း လစဥ်ဖြစ်ပေါ်နေသည့် လူသတ်မှု၊ လုပ်ကြံမှုများကိုလည်း တရားခံရှာမရဖြစ်နေကြောင်း တွေ့ရှိရသည်။

    သို့ရာတွင် မေလ ၁၉ ရက်နေ့က အောင်သုခရပ်ကွက်နေ ကိုကျော်မင်းထွန်း(ခ)ကိုချစ်တီးကို ဖောက်ခွဲရေးသမားဟုဆိုကာ လက်လုပ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

    ရေးမြို့နယ်အတွင်း ဧပြီလနောက်ဆုံးအပတ်မှ ယနေ့အထိ ဗုံးပေါက်ကွဲမှု၊ လက်ပစ်ဗုံးပစ်မှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း၊ စစ်အာဏာသိမ်းချိန်မှစတင်၍ မွန်ပြည်နယ်တဝန်းရှိ ပြည်ခိုင်ဖြိုးပါတီ USDP ပါတီဝင်များ လုပ်ကြံခံရမှုများ ဆက်တိုက်ဖြစ်ပေါ်လာကြောင်း သတင်းမှတ်တမ်းများက ဖော်ပြနေသည်။

    လက်ဖမိုးဒဏ်ရာ (CJ)

    ပေါက်ပြဲ ဒဏ်ရာ (CJ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks