spot_img
Saturday, January 31, 2026
More
    spot_img
    HomeCovid 19မွန်ဝါရင့်နိုင်ငံရေးခေါင်းဆောင် နိုင်ပန်းအောင် အသက် (၉၆)တွင် ကွယ်လွန်

    မွန်ဝါရင့်နိုင်ငံရေးခေါင်းဆောင် နိုင်ပန်းအောင် အသက် (၉၆)တွင် ကွယ်လွန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ခုနှစ်၊ ဇူလိုင် – ၂၉)

    မွန်ဝါရင့် နိုင်ငံရေးခေါင်းဆောင် ဆရာနိုင်ပန်းအောင် အသက် (၉၆) နှစ်သည် ယနေ့ ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မော်လမြိုင် နေအိမ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

    ဆရာနိုင်ပန်းအောင်သည် ကရင်ပြည်နယ် ထုံးအိုင်ရွာသားဖြစ်ပြီး မော်လမြိုင်ကို ပြောင်းရွေ့လာကာ မွန်နိုင်ငံရေးလောက တလျှောက်လုံး ပါဝင်လုပ်ဆောင်လာခဲ့သည်ဟု နီးစပ်သူ ဦးမင်းမင်းနွယ်က ပြောသည်။

     “မော်လမြိုင်ကို ပြောင်းလာပြီးတော့ တလျှောက်လုံး နိုင်ငံရေးလုပ်လာတယ်။ ဟိုခေတ်တုန်းကဆိုရင် ဦးနုပါတီတို့မှာ လုပ်တယ်၊ နောက်ပြီး‌တော့ မဆလပါတီမှာလည်း လုပ်တယ်။ နောက်ပြီးတော့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှာလည်း လုပ်တယ်။ နောက်ပိုင်း မွန်ပါတီတွေ အသီးသီး ခေတ်အလျှောက်ပေါ်လာတဲ့ ပါတီတွေမှာလည်း နိုင်ပန်းအောင် မဆုပ်မနှစ် အမြဲတမ်းပါဝင်လှုပ်ရှားခဲ့တယ် ပါတီနိုင်ငံရေးမှာ တောက်လျှောက်ပဲ” ဟု ဦးမင်းမင်းနွယ်က ပြောသည်။

    ဆရာနိုင်ပန်းအောင်သည် မွန်ပြည်နယ်ဖော်ထုတ်ရေးတွင်လည်း ပြန်ကြားရေးတာဝန်ယူခဲ့သလို မွန်ပြည်နယ်ရရှိအတွက်လည်း ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူလည်း ဖြစ်သည်။

    “သူ့ရဲ့ ငယ်ဘဝမှာလည်း ကျနော်တို့ သိသလောက်တော့ အာရှလူငယ်မှာလည်း ပါခဲ့တယ်။ နောက်ပြီးတော့ မွန်ပြည်နယ်ရရှိရေး မွန်ပြည်နယ်ဖော်ထုတ်ရေး၊ အလုပ်ညီညွတ်ရေး ကော်မတီမှာလည်း ပြန်ကြားရေးတာဝန်ယူခဲ့တယ်။ မွန်ပြည်နယ်ရရှိရေးတို့မှာလည်း သူက ဆန္ဒပြဦးဆောင်တဲ့သူ တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာကို သူအမြဲတမ်းပြောပြခဲ့တယ် ” ဟု ဦးမင်းမင်းနွယ်က ပြောသည်။

    ဆရာနိုင်ပန်းအောင်သည် သတင်းစာဆရာတစ်ဦးဖြစ်ခဲ့ပြီး ဖဆပလခေတ်တစ်လျှောက်လုံးတွင် အယ်ဒီတာအဖြစ်လုပ်ဆောင်ခဲ့သလို ရွှေမြိုင်မိခင်သတင်းစာကိုလည်း ထုတ်ဝေခဲ့သည်ဟု သိရသည်။

    ဆရာနိုင်ပန်းအောင်သည် မွန်ညီညွှတ်ရေးပါတီ (MUP) တွင်လည်း ပါဝင်ခဲ့ပြီး နစကတွင် MUP ပါဝင်သည့် ကိစ္စကြောင့် အနားယူခဲ့သည်ဟု နိုင်တလညီက ပြောသည်။

    မွန်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဆရာနိုင်ပန်းအောင်သည် မွန်သမိုင်းကြောင်းတစ်လျှောက်တွင် တော်လှန်ရေး၊ နိုင်ငံရေး၊ လွတ်လပ်ရေး ရုန်းကန်မှု တစ်လျှောက်လုံးတွင် ပါဝင်ခဲ့သလို မွန်လူငယ်များကိုလည်း ဦးဆောင်လာသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်ဟု သိရသည်။

    ဆရာနိုင်ပန်းအောင်သည် မွန်ညီညွှတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင်ဖြစ်ခဲ့ပြီး နစကတွင် MUP ပါဝင်သည့် ကိစ္စကြောင့် အနားယူခဲ့သည်ဟု နိုင်တလညီက ပြောသည်။

    နိုင်ပန်းအောင် (ခေါ်) ပါလီမာန်ခေတ် သတင်းစာဆရာ ​ရွှေမြိုင်မင်း​အောင် အသက်(၉၆)နှစ်၏ နိုင်ငံ​ရေးလှုပ်ရှားမှုအခန်းကဏ္ဍ။

    ===============================

    * အာရှလူငယ်အစည်းအရုံး၀င်—

    * ဖဆပလ​ခေတ်ပြည်​ထောင်စုလူငယ်–

    * ဦးနု၏ပထစပါတီ၀င်–

    * ဖဆပလ​ခေတ် ​ရွှေမြိုင်​နေ့စဥ်သတင်းစာအယ်ဒီတာ–

    * မွန်ပြည်နယ်​ဖော်ထုတ်​ရေးနှင့် အလုပ်ညီညွတ်​ရေး​ကော်မတီ ပြန်ကြား​ရေးမှူး–

    * မဆလပါတီ၀င် သံဖြူဇရပ် မြို့နယ်ပါတီယူနစ်အတွင်း​ရေးမှူး–

    * မွန်အမျိုးသားဒီမိုက​ရေစီအဖွဲ့ ဗဟိုအလုပ်အမှု​ဆောင်(ဗဟိုစည်းရုံး​ရေးဌာနတာ၀န်ခံ)–

    * မွန်ဒီမိုက​ရေစီပါတီ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့၀င်–

    *မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့၀င်–

    *မွန်ညီညွတ်​ရေးပါတီ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့၀င်​ဟောင်း—

    #အမျိုးသား​ရေး​ဆောင်ရွက်ချက်များ

    ================================

    -(၂၅)ကြိမ်မြောက်  မွန်အမျိုးသားနေ့ကျင်းပ

      ရေးကော်မတီ(မော်လမြိုင်မြို့)ကနေ (၇၅)

    ​  ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေး

      ကော်မတီ(ဗဟို) နှစ်စဉ်မပျက်  ဆက်ဆက်

      ပါဝင်ဦးဆောင်ခဲ့သူ။

    -မွန်ရေးရာအဖွဲ့(MAA) ရဲ့ နာယက အဖွဲ့ဝင်

    -မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(မွန်ပြည်

     နယ်)၊မွန်ဒေသလုံးဆိုင်ရာမွန်စာပေနှင့်ဗုဒ္ဓဘာ

     သာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့၊(၇၅)နှစ်

     မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မ

     တီ(ဗဟို)စိန်ရတု—–ကော်မတီ/အဖွဲ့တို့ရဲ့

     နာယက။

    -မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)

     ဂုဏ်ထူးဆောင်နာယက

    -မော်လမြိုင် မွန်ဓမ္မာရုံဖြစ်မြောက်ရေး၊ထိန်းသိ

     မ်းရေးကော်မတီမှာ အစဉ်တစိုက်ပါဝင်ခဲ့သူ။

    -မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ်အဖွဲ့ဝင်

    -မွန်သမိုင်းသု​တေသနအဖွဲ့၀င်လူကြီး—

                           (အယ်ဒီတာ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks