spot_img
Sunday, January 25, 2026
More
    spot_img
    HomeCovid 19NCA အပစ်ရပ် ၁၀ ဖွဲ့စုပေါင်းပြီး ကိုဗစ်ထိန်းချုပ်ရေးကော်မတီဖွဲ့စည်း

    NCA အပစ်ရပ် ၁၀ ဖွဲ့စုပေါင်းပြီး ကိုဗစ်ထိန်းချုပ်ရေးကော်မတီဖွဲ့စည်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် – ၂၄)

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၀)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်းဦးဆောင်အဖွဲ့ (PPST)မှ စုပေါင်းပြီး ကိုဗစ်ထိန်းချုပ်ရေးကော်မတီ(CSMC)ကို ယနေ့ ဇူလိုင် ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။

    လက်ရှိ ဖြစ်ပေါ်နေသည့် ကိုဗစ် – ၁၉ အရေးပေါ်အခြေအနေကို ဖြေရှင်းနိုင်ဖို့ တစ်ဦးကောင်း တစ်ယောက်ကောင်းမဟုတ်ပဲ အားလုံးပါဝင်ပြီး ပူးပေါင်းဖြေရှင်းဖို့လိုအပ်နေပြီး ယင်းကိစ္စများကို ဖြေရှင်းနိုင်ရန် အပစ်ရပ် (၁၀)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း  PPST ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်က ပြောသည်။

    “ကိုဗစ် – ၁၉ ပြဿနာက အရေးပေါ်အခြေအနေဖြစ်တယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တယ်။ အမျိုးသားရေးပြဿနာဖြစ်တယ်။ အဲတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြီး ဖြစ်တယ်။ အဲပြဿနာကို ဖြေရှင်းဖို့ဆိုရင် တစ်ဦးကောင်း တစ်ယောက်ကောင်းမဟုတ်ပဲနဲ့ အားလုံးပါဝင်ပြီး ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ အခြေခံမှုကနေပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံဖြစ်ပေါ်လာဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက်မယ့် ကော်မတီဖွဲ့စည်းတာပေါ့နော်” ဟု PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ပြောသည်။

    အဆိုပါ ကိုဗစ် – ၁၉ ထိန်းချုပ်ရေးကော်မတီတွင် နိုင်အောင်မငေး၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ရဲဘော်မျိုးဝင်း၊ ပဒိုစောတောနီး၊ စောမြရာဇာလင်း၊ ရဲဘော်ဆန်နီ၊ ဒေါက်တာ စိုင်းဦး၊ နန်းယဉ်ယဉ်စိုး၊ ဗိုလ်မှူး စောဟဲစေးနှင့် ဗိုလ်မှူး စောမူးအယ်ဝါးတို့ ပါဝင်သည်။

    လက်ရှိ ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ် (၈) ရပ်ကို ချမှတ်ခဲ့ပြီး ကိုဗစ် – ၁၉ ကပ်ရောဂါဘေး အရေးပေါ်အခြေအနေတွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ လျင်မြန်စွာ လက်တွေ့ချိတ်ဆက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်တွင်း Stakeholders များအားလုံး၊ နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

    တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ လက်မှတ်ရေးထိုးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts