spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19သံဖြူဇရပ်မြို့နယ်တွင် Safe For Sick အစီအစဉ်ဖြင့် ဆေးဝါးလိုအပ်နေသူများကို အခမဲ့ကူညီမည်

    သံဖြူဇရပ်မြို့နယ်တွင် Safe For Sick အစီအစဉ်ဖြင့် ဆေးဝါးလိုအပ်နေသူများကို အခမဲ့ကူညီမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင်-၂၂)

    သံဖြူဇရပ်မြိုနယ်တစ်ခုလုံး ကျေးရွာများအပါအဝင် ကိုဗစ်ရောဂါဖျားနာသူများ ဆေးရုံ၊ ဆေးခန်းသွားရောက်ရန် အခက်အခဲရှိသူများကို တိုင်ပင်ဆွေးနွေး ကျန်းမာရေး Safe For Sick အစီအစဉ်ဖြင့် ဆရာဝန်များ၊ Volunteer များအား ဖုန်းဖြင့် ဆက်သွယ်၍ ကျန်းမာရေးတိုင်ပင်ဆွေးနွေးပြီး လိုအပ်သည့်ဆေးဝါးများကို အိမ်အရောက် အခမဲ့ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

    ကိုဗစ်တတိယလှိုင်း ကာလအတွင်း ဆေးရုံဆေးခန်းများ ပိတ်ထားသောကြောင့် ဆေးခန်းပြရန်နှင့် ဆေးရရိရန် ခက်ခဲနေသူများကို အဓိက ရည်ရွယ်ကာ ကူညီပေးနေကြောင်း ဒေါက်တာ ပိုင်စိုးလင်းက ပြောသည်။

    “ကျွန်တော်တို့အခုက အိမ်မှာနေမယ်။ ပုံမှန်သောက်တဲ့ဆေးတွေ၊ ဆေးဝယ်ရခက်တဲ့လူနာတွေ၊ ငွေကြေးမတတ်နိုင်တဲ့လူနာတွေ၊ နောက်တစ်ခုက ဖျားနာနေတယ် ဆေးခန်းသွားဖို့ အဆင်မပြေဘူး။ အဲလိုလူနာတွေဆိုရင်တော့ ကျွန်တော်တို့က ကျန်းမာရေးအသိပညာပေးတယ်။ လိုတဲ့ဆေးတွေဆို ပို့ပေးတယ်။ ဆေးရုံသွားဖို့ လိုတဲ့လူနာဆို ဆေးရုံသွားဖို့ ညွှန်ကြားပေးတယ်ပေါ့နော်”ဟု ဒေါက်တာပိုင်စိုးလင်းက ပြောသည်။

    ဆေးရုံဆေးခန်းတွင် လူနာများ တိုးနေသောကြောင့် တစ်ဦးတစ်ယောက်မှ စပြီး ကိုဗစ်ကူးစက်လာမည်ကိုလည်း စိုးရိမ်သောကြောင့် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ကိုဗစ်ကာလအတွင်း ကျန်းမာရေးမကောင်းသည့်လူနာများ၊ ဆေးရုံဆေးခန်းသွားဖို့ ခက်ခဲနေသူများအားလုံး Safe For Sick ကို အကူညီတောင်းခံနိုင်ကြောင်း ၊ Safe For Sick အနေဖြင့် ကူညီနိုင်သမျှ ကိစ္စရပ်များကို ကူညီပေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    Volunteer အဖြစ် ကူညီပေးနေသူတစ်ဦးက “အကူညီလိုတဲ့သူတွေကို ကူညီပေးရနေတာ ဖြစ်လို့ ကျွန်မက ဝိုင်းဝန်း ပူးပေါင်းပေးတာပါ။ အခုကာလကြီးမှာ လူတိုင်းလူတိုင်း အခက်အခဲတွေဖြစ်နေတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေ တကယ်အခက်အခဲရှိသူတွေကို ကူညီပေးရတာမို့ ပါဝင်ဖြစ်တာပါ”ဟု ပြောသည်။

    သံဖြူဇရပ်မြို့နယ်တစ်ခုလုံး၊ ကျိုက္ခမီမြို့နှင့် အနီးအနား ကျေးရွာများအပါအဝင် ကျန်းမာရေးမကောင်းသူများ နှင့် ဆေးဝါးအခက်အခဲရှိသူများလည်း ဖုန်းဆက်သွယ်၍ အကူညီတောင်းခံနိုင်ကြောင်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို Online နှင့် ဗီနိုင်းများဖြင့် ဖြန့်ဝေအသိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks