spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့လူနာ ၅ ဦး ထပ်မံသေဆုံး

    မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့လူနာ ၅ ဦး ထပ်မံသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၈)

    မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၅ ဦး ယနေ့ (ဇူလိုင်လ ၈ ရက်) တွင် ထပ်မံသေဆုံးခဲ့ကြောင်း ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး အကူအညီပေးနေသူတစ်ဦးထံမှ သိရသည်။

    အဆိုပါ သေဆုံးသူ ကိုဗစ်ပိုးတွေ့ လူနာများမှာ မော်လမြိုင်မြို့မှ ၃ ဦး၊ ကျိုက်မရောမြို့နယ်မှ ၁ ဦး၊ ဘုရားသုံးဆူမြို့‌မှ ၁ ဦးတို့ဖြစ်ပြီး ပြီးခဲ့သည့်လပိုင်းအတွင်း ပြန်လည်ဖြစ်ပေါ်လာသည့် တကြော့ပြန်ကိုဗစ်ရောဂါပိုးကူးစက်မှုတွင် မွန်ပြည်နယ်က စုစုပေါင်း သေဆုံးသူ ၅၀ နီးပါးရှိနေပြီး ဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့တွင်လည်း မော်လမြိုင်ဆေးရုံးကြီးရှိ ကိုဗစ်ကုသဆောင်တွင် ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးအထိ စံချိန်တင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့မှ ကိုဘိုဘိုဝင်းက “ဒီနေ့ မော်လမြိုင်(၁၀)မြို့နယ်ဆောင်မှာ (၁၂၆)ဦး လာရောက် စစ်ဆေးရာ Positive(၉၆)ဦး ထပ်ထွက်ပါတယ်၊ လက်ရှိ အနေအထားက မော်လမြိုင်မှ Positive လူနာများလက်ခံကုသမည့်နေရာအားလုံး ထားစရာနေရာ မရှိလောက်အောင် ပြည့်နေပါပြီ၊ဆေးရုံကြီးမှာရော (၁၀)မြို့နယ်ဆောင်က အဆောင်တွေအားလုံးမှာရော Positive လူနာတွေ ပြည့်နေပါပြီး” ဟု ဆိုသည်။

    မွန်ပြည်နယ်တွင် ယနေ့ ဇူလိုင်လ ၈ ရက်နေ့ အထိ ကိုဗစ် ရောဂါပိုးစစ်ဆေးတွေ့ရှိသည့် လူနာ ဦးရေ ၁၆၀၀ နီးပါးရှိနေတာဖြစ်ပြီး မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်တို့မှာ Stay at Home အဖြစ်သတ်မှတ်ထားသည်။

    ထို့အပြင် မော်လမြိုင်မြို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ များလာတာကြောင့် လက်ရှိဆေးကုသမှုခံယူနေသည့် Isolation Ward 1,2,3 တို့အပြင် နေရာအသစ်များ ထပ်မံတိုးချဲ့ထားရကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း မြို့နယ်အချို့တို့မှာ ဆိုင်များကို ပါဆယ်စနစ်ဖြစ်သာ ခွင့်ပြုထားပြီး အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးအရောင်းဆိုင်များကိုသာ ဖွင့်ခွင့်ပြုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks