spot_img
Saturday, January 17, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ဆိုင်များသာ ရောင်းချခွင့်ပြုမည်

    မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ဆိုင်များသာ ရောင်းချခွင့်ပြုမည်

    -


    မွန်သတင်းအေဂျင်စီ (၅ ဇူလိုင် ၂၀၂၁)

    မွန်ပြည်နယ် ၁၀ မြိုနယ်အတွင်းရှိ ‌စည်ပင်သာယာဈေးများတွင် မရှိမဖြစ် အခြေခံစားသောက်ကုန်များသာ ရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်။

    ယနေ့ (ဇူလိုင် ၅ ရက်) မှ စတင်ပြီး အ‌ခြေခံစားသောက်ကုန်များ ဖြစ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ငရုတ်၊ ကြက်သွန်၊ အာလူး နှင့် ဆေးဝါးများကိုသာ ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ရွှေဆိုင်၊ အထည်လိပ်၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ ကုန်မာဆိုင် နှင့် အခြားဆိုင်များအား ရောင်းချခွင့်မပြုကြောင်း ‌ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မွန်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက “ပြည်ထောင်စုရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ ဈေးတွေကို ညွှန်ကြားထားတာပေါ့။ တစ်နိုင်ငံက ဈေးတွေပါတယ်။ ဒိနေ့ကတော့ စ‌တာပေါ့။ ကျွန်တော်တို့ မွန်ပြည်နယ်မှာက ဒီနေ့က စတာဆိုပေမယ့် တစ်ချို့ဈေးတွေမှာ ပစ္စည်းတွေ ဘာတွေ ထုတ်ယူခွင့်ပေးတယ်။ ပြီးခဲ့တဲ့ ကိုဗစ်မှာလည်း ကျွန်တော်တို့ အဲလိုပဲလုပ်ခဲ့တာ”ဟု ပြောသည်။

    သို့ရာတွင် ရက်အကန့်အသတ်မည်မျှသတ်မှတ်ထားသည်ကို မသိရသော်လည်း ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ဖြေလျော့ခွင့် ပေးကာ ဈေးများ ပြန်ဖွင့်ရန် ခွင့်ပြုလာမှသာ ဖွင့်ခွင့်ရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    မော်လမြိုင် အမှတ်(၁)ဈေးကော်မတီမှ ဦးစိုးက “ဗီနိုင်းတော့ ကပ်ထားပြီးပြီ။ ဈေးတာဝန်ခံရုံးခန်းမှာလေ။ စားကုန်နဲ့ ဆေးကလွဲရင် ကျန်တဲ့ လူသုံးကုန်ပစ္စည်းတွေ ဆိုင်ပိတ်ထားရမယ်ဆိုတဲ့ အကြောင်း အဲဒါပါပဲ “ဟု ဆိုသည်။

    အကယ်၍ ဈေးရောင်းဈေး၀ယ်သူများအနေဖြင့် သတ်မှတ်ထားသည့်စည်းကမ်းများ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဆိုင် ၅ ရက် ယာယီပိတ်သိမ်းခြင်းခံရမည် ဖြစ်ကြောင်း၊ ဒုတိယအကြိမ်လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဆိုင်ကို တစ်လတိတိ ပိတ်သိမ်းခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

    ထို့အတူ ဈေးသူ၊ ဈေးသားများ အဆင်ပြေစေဖို့အတွက် ပြည်နယ်အစိုးရကို အသနားခံစာ ပေးပို့ဖို့ ပြင်ဆင်နေကြောင်း၊ ပိတ်ထားရန် ထုတ်ပြန်ထားသော ဆိုင်များ နှင့် ဖွင့်ခွင့်ရသော ဆိုင်များကို တစ်ရက် တစ်လှည့်ဆီ ဖွင့်ခွင့် ပေးဖို့ ‌အသနားခံစာတင်ဖို့ ပြင်ဆင်နေကြောင်း ပြောသည်။

    ယခင်လပိုင်းအတွင်း တကြော့ပြန်ဖြစ်ပွားခဲ့သည့် ကိုဗစ်တတိယလှိုင်းစတင်ချိန်မှ ယမန်နေ့ (ဇူလိုင် ၄ ရက်) အထိ မွန်ပြည်နယ်တွင် သေဆုံးလူနာ ၁၇ ဦး၊ ဓါတ်ခွဲအတည်ပြုလူနာ ၈၄၇ ဦးရှိခဲ့ပြီး သံဖြူဇရပ်မြို့နယ်၌ ဓါတ်ခွဲအတည်ပြုလူနာ ၄၀၀ နီးပါး အများဆုံးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနစာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts