spot_img
Wednesday, February 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနစကအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးအပါအဝင် ပါဝင်ပတ်သက်နေသူ ၂၂ ဦးတို့အား အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူစာရင်းထဲထည့်သွင်း

    နစကအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးအပါအဝင် ပါဝင်ပတ်သက်နေသူ ၂၂ ဦးတို့အား အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူစာရင်းထဲထည့်သွင်း

    -

    မွန်သတင်းအေဂျင်စီ (၃ ဇူလိုင် ၂၀၂၁)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့်အဖွဲ့ဝင်အချို့၊ ဝန်ကြီးအချို့အပါအဝင် ပါဝင်ပတ်သက်နေသူ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တို့၏ ဇနီးသားသမီးများ (၂၂) ဦးတို့အား အမေရိကန်အစိုးရ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) ၏ ပိတ်ဆို့အရေးယူသည့်စာရင်းထဲသို့ ဇူလိုင် (၂)နေ့က ထည့်သွင်းလိုက်ကြောင်း တွေ့ရှိရသည်။  

    အဆိုပါ ပိတ်ဆို့အရေးယူခံရသူစာရင်းတွင် နစကအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး၊ စောဒန်နီယယ်နှင့် ဒေါ်အေးနုစိန်၊ နစက ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်(စိတ်ပညာ)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦး တို့ပါဝင်းကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအင်တာနက်စာမျက်နှာက ဖော်ပြသည်။

    “စစ်တပ်ကဒီမိုကရေစီကိုနှိမ်နှင်းခြင်းနှင့် မြန်မာပြည်သူများအပေါ်ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကို လှုံ့ဆော်ခြင်းအား လက်ခံနိုင်ဖွယ်ရာမရှိ” ဟု အမေရိကန်အစိုးရ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးမှ ဒါရိုက်တာ Andrea Gacki က ပြောကြားခဲ့သည်။

    အထက်ဖော်ပြပါ ပုဂ္ဂိုလ် (၇ ) ဦးတို့သည် တိုင်းပြည်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ဆက်လက်ဖိနှိပ်နေပြီး ကလေးများနှင့် တိုင်းရင်းသားလူနည်းစုအုပ်စုများအပါအ၀င် မြန်မာပြည်သူများအပေါ် သေစေနိုင်သောအင်အားကိုအသုံးပြုနေသည့် မြန်မာစစ်တပ် နစကကောင်စီ (SAC) ၏ အဓိက အဖွဲ့ဝင်များဖြစ်နေကြောင်း ထောက်ပြထားသည်။

    ထို့အတူ ယခင်ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါပြီးသား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှအပါအဝင် မြန်မာစစ်တပ်ခေါင်းဆောင်များ၏ ဇနီးနှင့် အရွယ်ရောက်ပြီး သားသမီး ၁၅ ဦးတို့ကိုလည်း ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသည်။

    ၄င်းထုတ်ပြန်ကြေညာချက်အရ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါဝင်သူများ၏ အမေရိကန်နိုင်ငံအတွင်း ရှိနေသည့် ပိုင်ဆိုင်မှု၊ အကျိုးစီးပွား အားလုံးကို ပိတ်ပင်သွားမည်ဖြစ်ပြီး ၄င်းလူပုဂ္ဂိုလ်များနှင့် ပတ်သက်နေသည့် အမေရိကန်နိုင်ငံသားများသည်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနကို ချက်ချင်း သတင်းပို့ရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

    အလားတူ နစကအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုး၊ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ ဦးစောဒယ်နီယယ်နှင့် ဦးချစ်နိုင် (ချစ်နိုင်- စိတ်ပညာ) တို့အား ဥရောပသမဂ္ဂ (EU) က မတ်လ ၁၉ ရက်တွင် ဒဏ်ခတ်အရေးယူပိတ်ဆို့လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks