spot_img
Wednesday, February 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပတိမ်းရှောင်သူ ၂ သိန်းကျော်ရှိဟု UNHCR ထုတ်ပြန်

    စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပတိမ်းရှောင်သူ ၂ သိန်းကျော်ရှိဟု UNHCR ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၃ ဇူလိုင် ၂၀၂၁)

    စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှ အာဏာသိမ်းပြီးနောက် ၅ လကျော်အတွင်း ပြည်တွင်းပြည်ပ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၂ သိန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)၏ ယခုရက်ပိုင်း နောက်ဆုံးထုတ်ပြန်လိုက်သည့် အရေးပေါ်အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုများအပေါ် အင်အားသုံးနှိမ်နင်းမှုများနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေသူ ၂ သိန်းကျော်ရှိပြီး အိမ်နီးချင်းနိုင်ငံများတွင် ခိုလုံနေရသူ ၂ သောင်းကျော် ရှိသည်ဟု UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အင်အားသုံးနှိမ်နင်းမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာ ထွက်ပြေးနေသူ ၂ သိန်း ၁ သောင်း ၁ ထောင် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသတွေမှာ ထွက်ပြေးနေရသူ ၁ သိန်း ၇ သောင်း ၆ ထောင် ၉ ရာ အပါအဝင် အခုနောက်ဆုံး ရရှိတဲ့ ကိန်းဂဏန်းဟာ အရင်တလကထက် ၂၀ ရာခိုင်နှုန်းကျော် ပိုများလာပါတယ်”ဟု UNHCR အရာရှိတစ်ဦးက ဆိုသည်။

    မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်း ဒေသများမှာ ထွက်ပြေးနေရသူ ၁ သိန်းကျော်ရှိသည့်အနက်  ယခုနောက်ဆုံး ရရှိသည့် ကိန်းဂဏန်းမှာ ယခင်လထက် ၂၀ ရာခိုင်နှုန်းကျော် ပိုများလာသည်ဟု UNHCR မှ ထုတ်ပြန်ထားသည်။

    ထို့အပြင် ကချင်နှင့် ချင်းပြည်နယ် အပါအဝင် တချို့နေရာများမှာ မကြာသေးခင်ကစပြီး ပဋိပက္ခတွေ လျော့ကျလာသော်လည်း ရော့ကတ်များ၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ၊ စီးနင်းတိုက်ခိုက်မှုများ၊ စစ်တပ်မှ အင်အားတိုးမြှင့်ချထားမှုများ တွေ့ရှိလာရသည့်အတွက် စိုးရိမ်စရာ အခြေအနေများ ရှိနေဆဲဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့အတူ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်သည့် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှု နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများနှင့် ဆက်စပ်ပြီး နစကကောင်စီ၏ အင်အားသုံး ဖြိုခွင်းမှုများ၊ ပစ်ခတ်မှုများနှင့် ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ (ဇူလိုင် ၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၈၈၈ ဦးထက်မနည်း ရှိခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၏ ဇူလိုင် ၂ ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    “နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၁၇၃) ဦးရှိပြီး ၎င်းတို့အနက်မှ  (၂၃၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။

    ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ  မျက်ကွယ် သေဒဏ်ချမှတ် ခြင်းခံထားရသူ (၃၉) ဦးအပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသောကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီ” ဟု AAPP က ပြောသည်။

    ပြီးခဲ့သည့် နှစ်ကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ပြီး အိမ်နီးချင်းနိုင်ငံများတွင် ရောက်နေကြသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရရန် ကြိုးပမ်းသူ ၉ သိန်း ၈ သောင်း ရှိခဲ့ပြီး ပြည်တွင်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ခန့်မှန်းခြေ ၃ သိန်း ၇ သောင်းခန့် ရှိသည်ဟု UNHCR က ဆိုသည်။

      

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks