spot_img
Friday, January 24, 2025
More
    spot_img
    HomeCovid 19မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်လူနာအမျိုးသမီးတစ်ဦး ယမန်နေ့က ထပ်မံသေဆုံး

    မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်လူနာအမျိုးသမီးတစ်ဦး ယမန်နေ့က ထပ်မံသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂ ဇူလိုင် ၂၀၂၁)

    မော်လမြိုင် ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီး တစ်ဦး ယမန်နေ့က ထပ်မံသေဆုံးသဖြင့် တကြော့ပြန် ကိုဗစ်တတိယလှိုင်းအစ၌ လူနာစုစုပေါင်း ၉ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

    ယမန်နေ့ (ဇူလိုင်လ ၁ ရက်) အထိ မော်လမြိုင် Isolation ward 1 တွင် Positive လူနာ ၈၄ ဦး၊ Isolation ward 3 တွင် ၁၃၅ ဦး နှင့် ထားဝယ်ဆောင်တွင် ၁၃၆ ဦး စုစုပေါင်း ၃၃၅ ဦးကို ဆေးကုသမှုပေးနေကြောင်း သိရသည်။

    မော်လမြိုင် Rescue အဖွဲ့မှ ကိုဇင်မိုးက”ကိုဗစ်က ကိုယ်ခံအားကောင်းတဲ့ လူငယ်လူရွယ်တွေဆီမှာဆို အချိန်တန်ရင် ပြန်ကောင်းသွားပေမယ့် ရောဂါအခံရှိတဲ့ သူတွေ သက်ကြီးရွယ်အိုတွေဆီကို ကိုဗစ်ထပ်ဝင်သွားရင်တော့ ကိုယ်ခံအားနည်းတဲ့အတွက် အသက်သေဆုံးတဲ့အထိ ဖြစ်တာပေါ့နော်”ဟု ဆိုသည်။

    ဇူလိုင် ၁ ရက် က သေဆုံးခဲ့ခြင်းဖြစ်ပြီး မော်လမြိုင် ကျွဲခြံကုန်း ရပ်ကွက်တွင် နေထိုင်သည့် အသက် (၄၁) နှစ်အရွယ် အမျိုးသမီးသည် အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့် ကိုဗစ်စည်းကမ်းနှင့်အညီ အစ္စလာမ်ဘာသာရေး အယူအတိုင်း သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ဆေးရုံကြီး Isolation ward 1 နှင့် Isolation ward 3 အပြင် မော်လမြိုင်တက္ကသိုလ်အတွင်းရှိ ထားဝယ်ဆောင်တို့တွင် ဆေးကုသမှု ပေးလျက်ရှိသည်။

    Covid-19 ဓာတ်ခွဲအတည်ပြုလူနာများလာသည့်အတွက် ပဲခူးတိုင်း သာယာဝတီ၊ မင်းလှနှင့် မန္တလေးတိုင်း ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ စသည့်မြို့နယ်များအား ဇူလိုင်လ ၂ ရက် နံနက် ၄ နာရီကစပြီး (Stay at Home) အမိန့် ကြေညာလိုက်သဖြင့် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၀ အထိ (Stay at Home) ရှိလာသည်။  

    ယမန်နေ့က ဓာတ်ခွဲနမူနာပေါင်း ၉၄၅၇ ခုကို စစ်ဆေးရာ အတည်ပြုလူနာ ၂၀၇၀ ဦး ထပ်မံတွေ့ရှိသဖြင့် တစ်နိုင်ငံလုံးတွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း ၁၅၉၃၄၇ ရှိလာပြီး ယမန်နေ့က သေဆုံးသူ ၁၃ ဦးရှိသည့်အတွက် သေဆုံးသူပေါင်း ၃၃၄၇ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,300SubscribersSubscribe
    spot_img

    Latest posts