Wednesday, March 11, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှု တစ်ရာကျော်ရှိ

    မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှု တစ်ရာကျော်ရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန် ၂၈)

    မော်လမြိုင်တက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများ သာမက  ဆရာ နှင့် ဝန်ထမ်း စုစုပေါင်း တစ်ရာကျော် ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း မော်လမြိုင်တက္ကသိုလ်သတင်းဌာနက ဇွန်လ ၂၇ရက်က ထုတ်ပြန်ထားပြီး အများစုမှာ ကျောင်းသူများ တစ်ဆောင်လုံးနီးပါး ထပ်မံကူးစက်ခံရသည် အခြေအနေ ဖြစ်သည်။

    ယခင်က ရောဂါပိုး ကူးစက်ခံရသူ ၅၀ ဦးကျော်‌ရှိနေပြီး ဇွန်လ ၂၇ရက် စစ်ဆေးချက်အရ အင်ကြင်းဆောင်မှ ကျောင်းသူ ၄၂ ဦး နှင့် အဆောင်မှူးဖြစ်သူ ရူပဗေဒဌာနမှ တွဲဖက်ပါမောက္ခ တစ်ဦးထံတွင်လည်း ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိခဲ့သည်။

    မော်လမြိုင် Rescue အဖွဲ့မှ ကိုဘိုဘိုဝင်းက
    “မော်လမြိုင်မှာတော့ စစ်ဆေးတိုင်း နေ့တိုင်း တွေ့နေတယ်။ အခု တက္ကသိုလ်က စာမေးပွဲဖြေဆိုပြီးသွားတဲ့လူတွေ အိမ်ပြန်ဖို့အတွက် အခု ကိုဗစ်စစ်ဆေးပေးဖို့လုပ်နေတယ်။ အနံ့ပျောက်တွေကိုလည်း တောက်လျှောက်စစ်နေတယ်။ အခုစာမေးပွဲဖြေဆိုပြီးသွားရင် နေရအ်ပြန်ကြမှာ ဖြစ်တဲ့အတွက် နေရပ်ပြန်လို့ရအောင် ထိစပ်မှု ရှိ၊ မရှိ စစ်ဆေးနေတယ်”ဟု ဆိုသည်။

    ထို့ပြင် မော်လမြိုင်တက္ကသိုလ်မှ စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်မည့်သူတွေကို ကိုဗစ်ထိစပ်မှု ရှိ၊ မရှိ စစ်ဆေးပေးနေကြောင်း၊ ကူးစက်မှု၊ ထိစပ်မှု မရှိမှသာ နေရပ်ကို ပြန်ခွင့်ပြုမှာဖြစ်ပြီး မိသားစုထံသို့ ထပ်ဆင့်ကူးစက်မှု မဖြစ်စေရေးအတွက် စစ်ဆေးရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    မော်လမြိုင်တက္ကသိုလ်မှ CDM ဆောင်ရွက်နေသည့် ပါမောက္ခ ဆရာမ တစ်ဦးက “ကျောင်းတွေ စဖွင့်တဲ့အချိန်က ကိုဗစ်က ပြန်စနေပါပြီ။ အဲထဲက ကိုဗစ်ကို သတိထားဖို့ သေချာတဲ့ပြင်ဆင်မှု မရှိဘူး။ Safe မဖြစ်နေဘူးဆိုတာ ကျွန်မတို့ သတိပေးခဲ့ပါတယ်။ အသင်းကနေလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အခု တစ်ပြုံလိုက်ကြီး ကူးစက်ခံရတာတောင် သေချာမသိရတဲ့အခြေအနေဖြစ်နေပါတယ်”ဟု ပြောသည်။

    ကျောင်းသူများ၏ အဆောင်တွင် တစ်ဆောင်လုံးနီးပါး ကူးစက်မှု ဖြစ်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာမှ တိကျသည့် သတင်းထုတ်ပြန်ချက်၊ သတိပေးချက်၊ ဆောင်ရွက်ချက်များ မတွေ့ရသေးကြောင်း ၄င်းက ဆက်ပြောသည်။

    လက်ရှိတွင် ဇွန်လ ၂၇ ရက်စာရင်းများအရ မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၀၂ ရှိပြီဖြစ်ကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks