spot_img
Wednesday, February 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမြိတ်မြို့တွင် လက်နက် ၉ လက် ၈၂ မမစိန်ပြောင်းနှင့်အတူ မသင်္ကာဖွယ် မွန်ပြည်နယ်သား ၃ ဦးဖမ်းဆီးရမိ

    မြိတ်မြို့တွင် လက်နက် ၉ လက် ၈၂ မမစိန်ပြောင်းနှင့်အတူ မသင်္ကာဖွယ် မွန်ပြည်နယ်သား ၃ ဦးဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (၂၆ ဇွန် ၂၀၂၁)

    တနင်္သာရီတိုင်း မြိတ်မြို့ရှိ ရော်ဘာခြံတစ်ခုအတွင်း လက်နက် ၉ လက်၊ ၈၂ မမစိန်ပြောင်းတစ်လက်နှင့်အတူ မသင်္ကာဖွယ် မွန်ပြည်နယ်သား ၃ ဦးတို့ကို ဇွန်လ ၂၃ ရက် ညပိုင်းအချိန်တွင် နစကလုံခြုံရေးတပ်ဖွဲ့ဝင်များ  ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

    ငါးဖမ်းလှေများတွင် အသုံးပြုသည့် ဝါးလတ်ပုံးဖြင့် ထည့်မြှုပ်ထားသည့် AK-47 သေနပ် (၆) လက်၊ M-16 သေနပ် (၂) လက်၊ ၄၀ မမနှင့်တွဲထားသည့် M-16 သေနပ် (၁) လက်၊ ၈၂ မီလီမီတာစိန်ပြောင်းတစ်လက်နှင့် ဆက်စပ်ပစ္စည်းကျည်အိမ်မျိုးစုံ (၄၃) ခုတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးရမိခဲ့သည်။

    ထို့အတူ ဆက်လက်ရှာဖွေစစ်ဆေးချက်အရ ရော်ဘာခြံရှင်၏ နေအိမ်သို့ရောက်ရှိနေသော သံသယဖြစ်ဖွယ် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာအလယ်ပိုင်းနေ ဦးအောင်မိုးထွေး အသက်(၄၇) နှစ်၊ ဦးနိုင်အောင် အသက် (၄၃) နှစ်၊ ရိုးဂိုးရွာဟောင်း ကျခတ်ချောင်းနေ ဦးစိုးသန်း (၅၈) နှစ်၊ ရော်ဘာခြံပိုင်ရှင် ဒေါ်အင်အင်စိုးနှင့် ခြံစောင့် သန်းထွန်းဦး (၄၃) နှစ်တို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

    မြိတ်မြို့လုံခြုံရေးတပ်ဖွဲ့ဝင်တို့သည် ရွှေဒူးကျေးရွာအုပ်စု မယင်းငယ်ဖျားကျေးရွာရှိ ရော်ဘာခြံတစ်ခုသို့ သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ တောင်ကြောပေါ်တစ်နေရာ၌ ဝါးလတ်ပုံးများဖြင့် မြှုပ်ထားသည့် အဆိုပါ လက်နက်မျိုးစုံနှင့် ဆက်စပ်ပစ္စည်းကျည်အိမ်များကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

    သီးခြားအတည်မပြုနိုင်သော သတင်းတစ်ခုအဆိုအရ ရော်ဘာခြံပိုင်ရှင် ဒေါ်အင်အင်စိုး ဆိုသူမှာ မြိတ်ဒေသတွင် ယခင်က လက်နက်ချအလင်းဝင်ခဲ့သည့် မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်ကြောင်း၊ လတ်တလောတွင် အဆိုပါ မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks