spot_img
Monday, February 2, 2026
More
    spot_img
    HomeCovid 19Stay at home မြို့နယ်များမှ မွန်ပြည်နယ်သို့ ဝင်ရောက်လာသူတိုင်း Quarantine (၁၀) ရက် ဝင်ရမည်

    Stay at home မြို့နယ်များမှ မွန်ပြည်နယ်သို့ ဝင်ရောက်လာသူတိုင်း Quarantine (၁၀) ရက် ဝင်ရမည်

    -

    မွန်သတင်းအေဂျင်စီ (၂၃ ဇွန် ၂၀၂၁)

    Stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူတိုင်း Quarantine (၁၀) ရက် အသွားအလာကန့်သတ်ထားမည်ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

    ယင်းကဲ့သို့ အသွားအလာကန့်သတ်ထားသူများအား (၃) ရက်မြောက်နေ့တွင် RDT Test Kit ဖြင့်လည်းကောင်း (၇) ရက်မြောက်နေ့၌ RT-PCR ဖြင့် စုစုပေါင်း ၂ ကြိမ် စစ်ဆေးသွားမည်ဟု သိရသည်။

    မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအသင်းမှ ကိုဇင်မိုးက “Stay at home သတ်မှတ်ထားတဲ့ မြို့နယ်ကလာတဲ့ လူတွေကပဲ Quarantine ဝင်ရမှာပေါ့နော် ပြီးတော့ ဆေးနှစ်ခါ စစ်ရမယ်၊ Stay at home သတ်မှတ်မထားတဲ့ မြို့နယ်ကလာတဲ့လူတွေဆိုရင် ကိုယ်အပူချိန်တိုင်းတယ်၊ စစ်ဆေးတာကတော့ စစ်တောင်းတံတားဂိတ်မှာပဲ ဒါကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်အရ ပြောတာပေါ့နော်” ဟု ဆိုသည်။

    ခရီးသွားပြည်သူများအနေဖြင့် စစ်တောင်းတံတားစစ်ဆေးရေးဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာမည်ဖြစ်ပြီး အပူချိန်မြင့်တက်ခြင်းနှင့် သံသယလက္ခဏာများတွေ့ရှိရပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး  ဆေးစစ်ကုန်ကျစရိတ်ကို ကာယကံရှင်များက ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

    ထို့အပြင် မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်တို့ မှတ်တမ်းရေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စည်းကမ်းဖောက်ဖျက်သော ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို မွန်ပြည်နယ်အတွင်းသို့ နောက်တစ်ကြိမ်လာရောက်ခွင့် ပိတ်ပင်သွားမည်ဖြစ်ပြီး၊ အဆိုပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

    မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီး Isolation (1) နှင့် Isolation (3) တို့တွင် လက်ရှိကုသလျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ဦးနီးပါးရှိသည့်အနက် ၅ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ပြန့်ပွားမှုမဖြစ်စေရေး သတိပေးနှိုးဆော်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ် တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်နှင့် ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်း တမူးနှင့် ကလေးမြို့နယ်၊ ပဲခူးတိုင်း လက်ပံတန်းနှင့် ဖြူးမြို့နယ်အတွင်း နေထိုင်သူများကုိ မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home သတ်မှတ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks