spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးသထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

    သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၂ ဇွန် ၂၀၂၁)

    သထုံမြို့နယ်ရှိ နောင်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူး ယမန်နေ့ (ဇွန်လ ၂၁ ရက်) က သေနတ်ပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားရာတွင် သေဆုံးသွားကြောင်း ‌ဒေသခံများထံက သိရသည်။


    စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းသည် ၄င်းနေအိမ်ရှိ သစ်သီးဆိုင်၌ဈေးရောင်းနေစဉ် ‌ဆိုင်ကယ်စီးလာသော အမည်မသိလူနှစ်ဦးမှ စျေးဝယ်ဟန်ဆောင်၍ ပစ်ရောက်ခတ်ခဲ့ရာ ၄ ချက်ထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ်သည်။

    “ဒူးရင်းသီးဝယ်သလိုနဲ့ လူနှစ်ယောက်ဝင်လာပြီး သေနတ်နဲ့ ပစ်ထည့်လိုက်တာပဲ၊ ပြီးတော့ သူတို့ဆိုင်ကယ်နဲ့ပဲ ထွက်သွားတာ” ဟု နောင်ဘိုရွာသားတစ်ဦးက ပြောသည်။

    ယင်းကဲ့သို့လူသတ်မှုအခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သထုံမြို့နယ်‌အဝင်အထွက်နှင့် နေရာအချို့တွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း သတင်းမကြားသိရပေ။

    အလားတူ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ပြည်ခိုင်းဖြိုးပါတီ ဥက္ကဌ ဦးမြင့်ဆွေသည် အလူးလေးကျေးရွာရှိ ခြံထဲသွားစဉ် အမည်သိသူနှစ်ဦးမှ ရောက်ရှိလာပြီး သေနတ်ဖြစ် ပစ်ခတ်ခဲ့ရာ အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

    ယခုဇွန်လအတွင်း ရန်ကုန်တိုင်း တာမွေမြို့နယ် ကျားသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်၊ လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဦး၊ ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်းက မြင်းခြံမြို့နယ် ဇလပ်ကုန်းရွာအုပ်ချုပ်ရေးမှူး၊ မကွေးတိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦး၊ စစ်ကိုင်းတိုင်း တန့်ဆည်မြို့က တစ်ဦး၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူး တို့ အသတ်ခံရပြီး စစ်အာဏာသိမ်းပြီးချိန်မှစ၍ တစ်နိုင်လုံးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အနည်းဆုံး ၁၃ ဦး လက်သည်မပေါ်ဘဲ အသတ်ခံခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks