spot_img
Monday, February 16, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများMUP အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး ဘုရားသုံးဆူမြို့အနီး သေနတ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံး

    MUP အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး ဘုရားသုံးဆူမြို့အနီး သေနတ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၈ ဇွန် ၂၀၂၁)

    မွန်ညီညွတ်ရေးပါတီ MUP အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး အသက် (၃၂) နှစ်သည် ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာတွင် ယနေ့ညနေပိုင်းက အမည်မသိသေနတ်သမား ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုကြောင့် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

    “သုံးဆူမှာညအိပ်ဖို့ ရွာသစ်ကနေ မိဝေသီဖြိုး တစ်ယောက်ထဲ ကားမောင်းထွက်လာတယ်၊ သေနတ်သမားက ဆိုင်ကယ်နဲ့ နောက်ကကပ်လိုက်လာပြီး ရွာသစ်အထွက်မှာ အနီးကပ်ပစ်သတ်လိုက်တယ်၊ ၃ ချက်ထိမှန်ခဲ့တယ် ဆေးရုံအရောက်မှာ ဆုံးသွားရှာတယ်” ဟု ဘုရားသုံးဆူမြို့ မွန်ညီညွတ်ရေးပါတီဝင်တစ်ဦးက ဆိုသည်။

    မိဝေသီဖြိုး၏ ယာခြေသလုံး ဖောက်ထွက်ဒဏ်ရာ(၁) ချက်၊ ဝဲဖက်နို့အုံ ဖောက်ဝင်ဒဏ်ရာ(၁) ချက်၊ ဝဲဖက်လက်မောင်း ဖောက်ထွက်ဒဏ်ရာ(၁) ချက်တို့ ရရှိဒဏ်ရာများဖြင့် ည ၇ နာရီ ၂၀ မိနစ်ခန့်က သေဆုံးခဲ့ကြောင်း ဆရာဝန်ဆေးစစ်ချက်အရ သိရသည်။

    မိဝေသီဖြိုးသည် ရွာသစ်ရွာ၌ ဖခင်မိခင်တို့နှင့်အတူ နေထိုင်လျက်ရှိပြီး လုံခြုံရေးစိတ်မချဖြစ်နေသည့်အတွက် ညပိုင်းအချိန်များတွင် ဘုရားသုံးဆူမြို့ရှိ ဆွေမျိုးအသိအိမ်သို့ သွားရောက်အိပ်စက်လေ့ရှိကြောင်း၊ ယနေ့ညနေပိုင်း၌ နေအိမ်မှထွက်ခွာလာစဥ် မိနစ်ပိုင်းအတွင်းမှာ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ရွာသစ်ရွာသားတစ်ဦးက ပြောသည်။

    LLB ဘွဲ့ရ ရှေ့နေတစ်ဦးဖြစ်သည့် မိဝေသီဖြိုးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်မြေ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ  NLD ပါတီကိုယ်စားလှယ်အား မဲအနည်းငယ်ကပ်၍ ရှုံးနိမ့်ခဲ့သည်။

    ယခုဖြစ်စဥ်အပေါ် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အရေးပေါ်အစည်းအဝေးကို မနက်ဖန်တွင် မော်လမြိုင်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အမည်မသိသေနတ်သမား လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks