spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19သံဖြူဇရပ်မြို့နယ် ၂ ရက်အတွင်း ကိုဗစ်ကူးစက်သူ ၅ ဦးအထိရှိလာ

    သံဖြူဇရပ်မြို့နယ် ၂ ရက်အတွင်း ကိုဗစ်ကူးစက်သူ ၅ ဦးအထိရှိလာ

    -

    မွန်သတင်းအေဂျင်စီ (၃၁ မေ ၂၀၂၁)

    သံဖြူဇရပ်မြို့နယ်တွင် လတ်တလော ယခု ၂ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၅ ဦးရှိကြောင်း မြို့နယ် ကြက်ခြေနီအသင်းမှ သိရသည်။

    ကြက်ခြေနီအသင်းဝင်တစ်ဦးက “ဒီမနက် ပင ကနေပြီးတော့ လင်းမယားနှစ်ယောက် အနံ့ပျောက်တယ်ဆိုပြီးတော့ လာစစ်တော့ Positive တွေ့တယ်၊ နောက်  ပင ရွာကနေပဲ အမျိုးသမီးတစ်ယောက် သူ့ကိုယ်သူ အနံ့ပျောက်သံသယရှိတယ်ဆိုပြီး လာစစ်တော့ ပိုးတွေ့ပြန်တယ် ဒါပေမယ့် သူတို့နဲ့ဆက်စပ်တဲ့ Contact တွေမှာ ပိုးမတွေ့ဘူး အခု ၂ ရက်အတွင်းမှာဆို ကိုဗစ်ပိုးတွေ့တာ ၅ ယောက်ရှိနေပြီ” ဟု ပြောသည်။

    အဆိုပါ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး Contact လူနာများကို ဆက်လက်စုံစမ်း၍ Stay Home နေထိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    သို့ရာတွင် ရောဂါလက္ခဏာ မပြသည့် ရောဂါပိုးသယ်ဆောင်ထားသူ များစွာရှိနိုင်ပြီး ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သံဖြူဇရပ်မြို့မှ ဆရာဝန်တစ်ဦးက ယူဆသည်။

    ၎င်းက “ကျွန်တော်တို့နိုင်ငံမှာ ပထမလှိုင်းထက်ပိုဆိုးတဲ့ ဒုတိယလှိုင်းကိုဖြတ်ကျော်ခဲ့ပြီးပြီးပေါ့နော် အခုကတတိယလှိုင်းလို့နာမည်တပ်လို့မရပေမယ့် ဗီဇပြောင်းပိုးတွေနဲ့ ကူးစက်နေရာတွေတော့ကူးစက်နေပြီး အဓိမွန်ပြည်နယ်မှာဆိုရင် ထိုင်းကပြန်လာတဲ့သူတွေဆီမှာ အချိန်မရွေးကူးနိုင်တယ် အဲ့တော့နလံမထူနိုင်သေးတဲ့အချိန်မှာ တတိယလှိုင်းပြန်လည်ခံရမှာကို စိုးရိမ်မိတယ် ကိုဗစ်ကိုမေ့ချင်ယောင်ဆောင်မနေဘဲ အတတ်နိုင်ဆုံး ကာကွယ်ကြပါ” ဟု ပြောသည်။

    ထို့အပြင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေသည့် အိန္ဒယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် မေလ ၃၀ ရက်နေ့က ကိုဗစ်ကူးစက်သူ ၂၆ ဦးအထိတွေ့ရှိခဲ့ပြီး စစ်ကိုင်းတိုင်း တစ်မူးမြို့နယ်တွင်လည်း ကိုဗစ်လူနာတွေ့ရှိမှုများပြားလာခြင်းကြောင့် ကျန်းမာရေးဌာနက Stay at home ချကြောင်းသိရသည်။

    မြန်မာနိုင်ငံ၏ ကိုဗစ်ကူးစက်မှုသည် ဆေးစစ်မှု၏ ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းကျော်အထိရှိလာခြင်းကြောင့် ကိုဗစ်ကူးစက်မှုမြင့်မားသည့် အိန္ဒိယနိုင်ငံနှင့် အဝင်အထွက်ကန့်သတ်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

    ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် မေလ ၃၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံး ဓါတ်ခွဲလူနာ ၉၁၂ ခုအားစစ်ဆေးရာ ကိုဗစ်အတည်ပြုလူနာ ၄၅ ဦးထပ်မံတွေ့ရှိပြီး မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ ၁၄၃,၄၁၄ ဦး၊ သေဆုံးသူ ၃၂၁၆  ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks