spot_img
Wednesday, December 17, 2025
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ပစ်ခံရပြီး သေဆုံး

    ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ပစ်ခံရပြီး သေဆုံး

    -

    မွန်သတင်းအေဂျင်စီ(၂၀၂၁ မေ ၂၇)

    မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမြင့်ဆွေ မေလ ၂၇ ရက်နေ့ ယနေ့ နံနက်ပိုင်းက သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

    ဦးမြင့်ဆွေနှင့် ဇနီးတို့သည် ယနေ့နံနက် (၈:၁၅)မီနစ် အချိန်၌ အလူးလေးကျေးရွာရှိ ကြက်မောက်ခြံသို့ သွားရာ လမ်းခရီးတွင် အမည်မသိသူနှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ယင်းသို့ ပစ်ခတ် လုပ်ကြံလိုက်ခြင်းဖြစ်ကြောင်း ဘီးလင်းဒေသခံတစ်ဦးက ဆိုသည်။

    “သူက အရင်တုန်းက အမတ်ဟောင်းဗျ။ လုပ်ကြံတဲ့သူက ဆိုင်ကယ်နဲ့ လာပြီး ပစ်တာ။ သူက ပွဲချင်းပြီးတယ်။ အမျိုးသမီးကတော့ မေးရိုးပွင့်သွားတယ်လို့ သိရပါတယ်”ဟု ဘီးလင်းဒေသခံတစ်ဦးက​ ပြောသည်။

    အဆိုပါ ပစ်ခတ်မှုအတွင်း သေဆုံးသူ ဦးမြင့်ဆွေ၏ ဇနီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    လက်ရှိတွင် အခင်းဖြစ်ပွားခဲ့သည့် အလူးလေး ကျေးရွာအနီးတဝိုက်တွင် ရဲနှင့်စစ်တပ် ရောက်ရှိနေပြီး လမ်းပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts