spot_img
Monday, March 2, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ဆရာ/မ ၂၀၀ ကျော် ရာထူးမှထုတ်ပယ်ခံရ

    မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ဆရာ/မ ၂၀၀ ကျော် ရာထူးမှထုတ်ပယ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၅ မေ ၂၀၂၁)

    မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့က ဆရာ၊ ဆရာမ ၂၀၂ ဦးတို့ကို ရာထူးမှ ထုတ်ပတ်လိုက်ကြောင်း တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့၏ မေလ ၂၁ ရက် အမိန့်ကြေညာစာအရ သိရသည်။

    မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မော်လမြိုင်) တို့တွင် အစည်းအဝေးသဘောတူ ဆုံးဖြတ်ချက်အရ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သောအကြောင်းပြချက်မရှိဘဲ ရုံးတက်ရောက်မှု ပျက်ကွက်ခြင်းတို့ကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တို့မှ အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

    အဆိုပါ ဆရာ၊ ဆရာမများကို မေလ ၂၁ ရက်နေ့မှ စတင်ပြီး ရာထူးမှ ထုတ်ပယ်ကြောင်း၊ မော်လမြိုင်တက္ကသိုလ်မှ ၁၅၅ ဦး၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်)မှ ၄၇ ဦးပါဝင်သည်။

    သို့ရာတွင် ဝန်ထမ်းများအနေဖြင့် ပြစ်ဒဏ်နှင့် စပ်လျဥ်း၍ ကျေနပ်မှုမရှိပါက အမိန်ကြေညာစာ လက်ခံသည့်နေမှစ ၆ လအတွင်း နိုင်ငံဝန်ထမ်းများ နည်းဥပဒေ ၂၂၀ နှင့်အညီ အယူခံတင်သွင်းနိုင်ကြောင်း ဖော်ပြထားသည်။

    ထိုကိစ္စနှင့် ပတ်သက်ပြီး ရာထူးပြန်လည်ရရှိရန်အတွက် ထုချေလွှာတင်ခြင်း၊ တောင်းပန်စာရေးခြင်းမျိုးတွေ ပြုလုပ်သွားမည်မဟုတ်ကြောင်း ရာထူးထုတ်ပယ်ခံရသည့် တက္ကသိုလ်ဆရာမ တစ်ဦးက ဆိုသည်။

    ရာထူးမှ ထုတ်ပယ်ခံရသည့် ဆရာ၊ ဆရာမများထဲတွင် ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ စာကြည့်တိုက်မှူး စသည့် ရာထူးရှိသူများ ပါဝင်ကြောင်း သိရသည်။


    တက္ကသိုလ်အသီးသီးရှိ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းဦးရေ ၁၃၀၀၀ ခန် တာဝန်မှ ယာယီရပ်ဆိုင်းခံရပြီး တချို့ တက္ကသိုလ်များလည်း ကြေညာရန် ကျန်နေသဖြင့် အရေအတွက် ထပ်မံတိုးမြှင့်လာနိုင်ကြောင်း မေလ ၈ ရက်နေ့က တက္ကသိုလ် ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks