Wednesday, March 25, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား ၈ ဦးနှင့် အဆက်သွယ်မရ

    မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား ၈ ဦးနှင့် အဆက်သွယ်မရ

    -

    မွန်သတင်းအေဂျင်စီ (၂၅ မေ ၂၀၂၁)

    မော်လမြိုင်မြို့တွင် စုပေါင်းနေထိုင်ကြသည့် တက္ကသိုလ်ကျောင်းသား ၈ ဦးလုံးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ် မရဖြစ်နေကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တစ်ဦးထံက သိရသည်။

    အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၈ ဦးတို့မှာ မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်မှာ မေလ ၁၇ ရက်နေ့ညက စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က ၎င်းတို့နေထိုင်သည့် အိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် ကျောင်းသား ၊ ကျောင်းသူ ၈ ဦးတို့ကို မည့်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည် ဆိုတာကို မသိရှိရဘူးလို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    ထို ဖမ်းဆီးခံရသည့် ကျောင်းသား‌၊ ကျောင်းသူတို့မှာ မော်လမြိုင်တက္ကသိုလ်မှ (၂) ဦး၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) မှ (၅) ဦး၊ မော်လမြိုင် တက္ကသိုလ် အဝေးသင်ကျောင်းသား (၁) ဦးပါဝင်ကြောင်း ၎င်းထံက သိရသည်။

    ဝင်ရောက် ဖမ်းဆီးချိန်တွင် ၎င်းတို့ ပိုင်ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် လက်ဝတ်လက်စား အချို့ကိုပါ သိမ်းယူသွား‌ကြောင်း ဒေသတွင်းသတင်းထုတ်ပြန်ဖော်ပြထားမှုအရ သိရသည်။

    ထိုအထဲတွင် မော်လမြိုင်တက္ကသိုလ် ပထဝီဝင်ဌာနမှ ကျောင်းသူ ၂ ဦး အပါအဝင် အဆိုပါ ဖမ်းဆီးခံရသည့်ကျောင်းသား ၈ ဦးတို့ကို ပြန်လွှတ်ပေးရန် မေလ ၁၈ ရက်နေ့က တောင်းဆိုထားသည်။

    ထို့အပြင် မွန်ပြည်နယ် အာဏာရှင်ဆန့်ကျင်သည့်  လှုပ်ရှာမှုများတွင် ဖမ်းဆီခံရသူ ၃၀၀ ကျော်နှင့်  ကျဆုံးသူ (၈) ဦးအထိ ရှိပြီး အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks