spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလမိုင်းမြို့နှင့် မော့ကနင်ကျေးရွာတို့တွင် ဗုံး ၃ လုံးပေါက်ကွဲ၊ မပေါက်ကွဲသေးသည့်လက်လုပ်ဗုံးတစ်လုံးသိမ်းဆည်းရမိ

    လမိုင်းမြို့နှင့် မော့ကနင်ကျေးရွာတို့တွင် ဗုံး ၃ လုံးပေါက်ကွဲ၊ မပေါက်ကွဲသေးသည့်လက်လုပ်ဗုံးတစ်လုံးသိမ်းဆည်းရမိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၂၁)

    ရေးမြို့နယ် လမိုင်းမြို့နှင့် မော့ကနင်ကျေးရွာရှိ အထက်တန်းကျောင်း ၂ ကျောင်းနှင့် လမိုင်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတို့တွင် မေလ ၂၀ ရက်နေ့ ညပိုင်းအချိန်က မိနစ်အနည်းငယ်စီခြား၍ ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လမိုင်းအထကတွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးကိုလည်း သက်ဆိုင်ရာမှ သိမ်းဆည်းရမိကြောင်း သိရသည်။

    “အရင်ဦးဆုံး လမိုင်းအထကမှာပေါက်တယ် မြေကြီးတုန်ပြီး အသံအကျယ်ကြီးကြားရတယ်၊ အထက်တန်းကျောင်းကို ကျနော်တို့သွားကြည့်တဲ့အချိန်မှာ ရဲတွေလုံခြုံရေးတွေရောက်နေပြီ၊ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံး တွေ့ရတယ်” ဟု ပေါက်ကွဲမှုအပြီး ဖြစ်စဉ်ကိုသွားရောက်လေ့လာသူ လမိုင်းမြို့ခံတစ်ဦးက ပြောသည်။

    လမိုင်းအထကတွင်တွေ့ရသည့် မပေါက်ကွဲသေးသည့်လက်လုပ်မိုင်း

    ပေါက်ကွဲမှုကြောင့် လမိုင်းအထက်တန်းကျောင်း ပြူတင်းပေါက်တံခါး ၃ ချပ်ပွင့်ထွက်၍ မှန်ဘောင်များကွဲပြီး ရေပိုက်ပေါက်သွားကြောင်း ၎င်းက ဆိုသည်။

    ၎င်းက “နောက်တော့ မြို့အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးတစ်လုံးထပ်ပေါက်ပြန်တယ် တံခါးပွင့်ထွက်သွားတယ် ရုံးကာထားတဲ့ သံချောင်းတွေကွေးကောက်သွားတယ်၊ နောက်တစ်ခါ မော့ကနင်အထက်တန်းကျောင်းမှာ တစ်လုံးထပ်ပေါက်ပြန်တယ်၊ အနောက်ဖက်ခြမ်း ကျောင်းအဝင်ဝနေရာ ခြံတံခါးမှာဗုံးတပ်ထားတာလို့ ယူဆရတယ်၊ ပေါက်ကွဲမှုနဲ့အတူ ကျောင်းဆောင်အပေါ်ထပ် လေကာမှန် ၄ ချပ်၊ အောက်ထပ် ၂ ချပ်ကွဲသွားတယ်” ဟု ဆက်ပြောသည်။ 

    သို့ရာတွင် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိသည်ကို မကြားသိရကြောင်း ၎င်းက ဆိုသည်။

    အလားတူ ရေးမြို့နယ် ကျောင်းရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်လည်း မေလ ၁၉ ရက်နေ့ ညဦးပိုင်းက ဗုံးပေါက်ကွဲသဖြင့် အုပ်ချုပ်ရေးမှူးအပါအဝင် လူလေးယောက် ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး မော်လမြိုင်စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks