spot_img
Wednesday, February 4, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းNLD ပါတီကို ဖျက်သိမ်းဖို့ ဆောင်ရွက်သွားမည်ဟု UEC ဥက္ကဌဆို

    NLD ပါတီကို ဖျက်သိမ်းဖို့ ဆောင်ရွက်သွားမည်ဟု UEC ဥက္ကဌဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၂၁)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို မှတ်ပုံတင်ပယ်ဖျက်ပြီး ပါတီခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အရေးယူရန် စဉ်းစားဆောင်ရွက်သွားမည်ဟု စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဌ ဦးသိန်းစိုးက ထုတ်ဖော်ပြောကြားခဲ့သည်။

    နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ယနေ့ မေ ၂၁ ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် UEC ဥက္ကဌ ဦးသိန်းစိုးက ပြောကြားခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံပွဲကို နိုင်ငံရေးပါတီ ၆၀ ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။

    “မကြာမီ မဲစာရင်းတွေ စစ်ဆေးပြီးစီးမှာ ဖြစ်တဲ့အတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ အဲ့ဒီလို ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီး ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ ပါတီကို ဖျက်ပစ်ရမှာလား။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေသည် နိုင်ငံတော်သစ္စာဖောက်အနေနဲ့ ကျွန်တော်တို့ အရေးယူရမှာလား။ စဉ်းစားဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု ဦးသိန်းစိုးက ပြောကြားခဲ့သည်။

    ထို့အပြင် စစ်ကောင်စီမှ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းများ စစ်ဆေးရာ၌ နိုင်ငံသားစိစစ်ကတ်မရှိဘဲ မဲစာရင်းတွင် အစုလိုက်ပါဝင်နေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းနှင့် မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ် ပါဝင်နေခြင်းများကို တွေ့ရှိရသည်ဟု ဆိုသည်။

    တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီတွေအနေဖြင့်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တွေ့ကြုံခဲ့ရသည့် မဲမသမာမှုများကို အထောက်အထားနှင့် စာရေးပို့ပေးရန် မေတ္တာရပ်ခံခဲ့ပြီး ၎င်းစာများကို ပြုစု၍ နိုင်ငံတော်ကို အစီရင်ခံစာတင်သည့်အခါ တစ်တပ်တစ်အား အသုံးပြုချင်သည်ဟု ဦးသိန်းစိုးက ဆိုသည်။

    ယနေ့ကျင်းပသည့် UEC အစည်းအဝေးသို့ မွန်ညီညွတ်ရေးပါတီ MUP နှင့် အမျိုးသမီး(မွန်) ပါတီတို့ တက်ရောက်သော်လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) တို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၀ ရာခိုင်နှုန်းကျော်အနိုင်ရရှိခဲ့သော်လည်း မဲမသမာမှုဆိုကာ စစ်တပ်မှ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းယူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks