Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့နေ အငြိမ်းစားတပ်ထွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရသေဆုံး

ဘုရားသုံးဆူမြို့နေ အငြိမ်းစားတပ်ထွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၉)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေ အငြိမ်းစားတပ်ထွက် အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဗိုလ်မှူး(ငြိမ်း) ကျော်ဇင်မင်း ယနေ့နံနက်ပိုင်းက သေနတ်ပစ်သတ်ခံရ သေဆုံးသွားကြောင်း မြို့ခံအချို့က ပြောသည်။

“အခုမနက် ၉ နာရီလောက်က သူနေတဲ့ ရပ်ကွက် ၂ ရေဆေးခုံမှာ သေနတ်ပစ်ခံရသေသွားတယ်၊ ရေဆေးဆီထိုးဆိုင်ဖွင့်ထားတာ အာ့ဆိုင်မှာ ထိုင်နေတုန်း ဆိုင်ကယ်နဲ့ လာပစ်တာ လမ်းထောင့်နေရာဆိုတော့ နှစ်ဘက်ညှပ်ပစ် ဆိုင်ကယ် ၂ စီးနဲ့လာပစ်တာ” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

ဗိုလ်မှူး(ငြိမ်း) ကျော်ဇင်မင်းသည် ခမရ ၂၈၃ တပ်ရင်းမှ ဒုရင်းမှူးအဆင့်ဖြင့် အငြိမ်းစားယူထားပြီး ဘုရားသုံးဆူမြို့၌ မော်တော်ကားရေဆေးခုံလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မှ မွန်သတင်းအေဂျင်စီသို့ မှတ်ချက်ပြုပြောဆိုခြင်း မရှိပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts