spot_img
Friday, February 13, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းဆေးရုံဝန်ထမ်းများ CDM ဝင်နေသည့်ကာလတွင် ကိုရင်လေးအခမဲ့ကျန်းမားရေးစောင့်ရှောက်မှုဆေးခန်းမှ လူနာ ၅ ထောင်ကျော်အား ကုသပေးခဲ့

    ဆေးရုံဝန်ထမ်းများ CDM ဝင်နေသည့်ကာလတွင် ကိုရင်လေးအခမဲ့ကျန်းမားရေးစောင့်ရှောက်မှုဆေးခန်းမှ လူနာ ၅ ထောင်ကျော်အား ကုသပေးခဲ့

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၂)

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းသုံးလအတွင်း ရေးမြို့နယ်၊ ကျိုက်ဒေတမော့ဗရတ်သာသနာပြုနယ်မြေရှိ ကိုရင်လေးဆရာတော် အခမဲ့ကျန်းမားရေးစောင့်ရှောက်မှုဆေးခန်းမှ ကိုယ်ဝန်ဆောင်များအပါအဝင် ကျန်းမာရေးဆိုင်ရာအခက်အခဲဖြစ်ပေါ်နေသူ လူနာပေါင်း ၅ ထောင်ကျော်အား ကုသပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    ကျန်းမားရေးဌာနလက်အောက်ရှိ ဆေးရုံဝန်ထမ်းများ၏ CDM လှုပ်ရှားမှုတွေကြောင့် ကုတင် ၁၀၀ ဆံ့ ရေးမြို့ပြည်သူ့ဆေးရုံပိတ်ထားရသဖြင့် အရေးပေါ်ကျန်းမာရေးကုသမှု လိုအပ်ချက်များရှိလာသည့်အပေါ် ကိုရင်လေးဆရာတော်ဦးဆောင်၍ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် အခမဲ့ဆေးကုခန်း စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဆေးခန်းကြီးကြပ်ရေးအကျိုးတော်ဆောင် နိုင်လွင်က ”ဒေသခံတွေက ဆရာတော်ကို ကျန်းမာရေးနဲ့ပတ်သက်လို့ အခက်အခဲတွေကို လာရောက်လျှောက်ထားကြတယ်၊ နောက်ပြီးတော့ အရေးပေါ်ထိခိုက်ဒဏ်ရာရမှုတွေရှိနေသလို သွေးလွန်ပြီးအသက်ဆုံးရှုံးတာတွေလည်း ရှိလာနေကြလို့ ဆရာတော်အနေနဲ့ ရင်ဘတ်တူသူတွေစုပြီး ဆရာတော်မတည်ငွေ၊ အလှူရှင်တွေလှူဒါန်းငွေတွေနဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ ”ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    ကိုရင်လေးဆရာတော်အပါအဝင် ဒါယကာများမတည်ငွေ၊ စေတနာရှင်များ၏လှူဒါန်းငွေများဖြင့် အခမဲ့ကုသပေးနေခြင်းဖြစ်ပြီး ယနေ့အထိ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု ၁၀၀ ကျော်အပါအဝင် ကလေး ၇၅ ဦး မွေးဖွားပေးခဲ့ကြောင်း ဆေးခန်းကြီးကြပ်ရေးကော်မတီဝင် ဦးအောင်နိုင်ဝင်းက ဆိုသည်။

    ”၂ လအထိတော့ နေ့စဉ်ပြင်ပလူနာကုသပေးတယ်၊ ပညာရှင်အခက်အခဲရှိတာမို့ မေလကစလို့ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာတွေမှာ ပြင်ပလူနာကုသပေးနေပြီးတော့ အရေးပေါ်လူနာတွေအတွက်ကတော့ ၂၄ နာရီ တာဝန်ယူကုသပေးနေပါတယ်၊ လိုအပ်ချက်ရှိလာတဲ့လူနာတွေအတွက်ကတော့ မော်လမြိုင်မြို့ကို တင်ပို့ကုသစေပါတယ်” ဟု ပြောသည်။ 

    အဆိုပါ အခမဲ့ကျန်းမားရေးစောင့်ရှောက်မှုဆေးခန်းတွင် ရေးမြို့နယ်အတွင်းက ဆရာဝန် ၇ ဦးနှင့် သူနာပြုများ၊ မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနက ၂၄ နာရီ ဆေးဝါးများနှင့် အခမဲ့ကုသဆောင်ရွက်ပေးနေပြီး  မြို့နယ်အတွင်းရှိပရဟိတအသင်းများ၏ လူနာတင်ယာဉ်များကလည်း နေ့စဉ်ကူညီဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆိုသည်။

    ဆေးခန်းလာရောက်ပြသသူ ရေးမြို့၊ အောင်သုခရပ်ကွက်နေ ဦးအောင်ခိုင်က ” ဒီဆေးခန်းမရှိဘူးဆိုရင် ရေးက အရေးပေါ်လူနာတွေအတွက်က ရင်လေးစရာပါ၊ ခုလကစလို့ ဆေးရုံဖွင့်ပေမယ့် ဆရာဝန်မရှိသေးတာကြောင့် လတ်တလော အားကိုးရာအဖြစ်ရှိနေဆဲပါ။ ဆေးဝါးကအစ ကုသမှုအပိုင်း၊ စားသောက်မှုအပိုင်း နောက်ပြီးတော့ မတတ်နိုင်သူတွေအတွက် ကူညီလှူဒါန်းပေးနေမှုကလည်း မရှိဆင်းရဲသားတွေအတွက် အားကိုးစရာကြီးတစ်ခုလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

    အလားတူ ဘီလူးကျွန်း မုဒွန်းဆရာတော် ဦးဆောင်ဖွဲ့စည်းထားသည့် မုဒွန်းစေတနာဆေးကုသခန်းကိုလည်း အင်္ဂါ၊ သောကြာနှင့် စနေနေ့တို့တွင် ပုံမှန်ဆက်လက်ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ၎င်းက “ယခုလ လဆန်းပိုင်းကစပြီး မြို့နယ်ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတချို့တို့လည်း ပုံမှန်ပြန်လည် လည်ပတ်နိုင်ပြီး ဖြစ်တဲ့အတွက် မုဒွန်းစေတနာ့ဆေးကုခန်းကို အပတ်စဉ်အင်္ဂါနေ့၊ သောကြာနဲ့ စနေနေ့ တစ်ပတ်သုံးရက် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊ ကိုယ်ဝန်ဆောင်များအတွက် အင်္ဂါနေ့ညနေ(၃:၃၀-၄:၃၀)တို့မှာ အထူးကုဆရာဝန်နဲ့  ပြသနိုင်ဖို့ ဆက်လက်စီစဉ်သွားပါမယ်”

    ဖေဖော်ဝါရီ (၁၁)ရက်နေ့ကစပြီး သာမန်လူနာများ၊ မတော်တဆထိခိုက်ဒါဏ်ရာရလူနာများကို တတ်နိုင်သမျှကုသပေးနိုင်ရန်ရည်ရွယ်ပြီး မုဒွန်းဆရာတော်၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ စေတနာဖြင့် နေ့စဉ်အခမဲ့ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။ ​

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks