spot_img
Monday, February 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင် ပညာရေးကောလိပ်နှင့် ရွှေမြိုင်သီရိရပ်ကွက်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

    မော်လမြိုင် ပညာရေးကောလိပ်နှင့် ရွှေမြိုင်သီရိရပ်ကွက်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၄)

    မော်လမြိုင် ပညာရေးကောလိပ်နှင့် ရွှေမြိုင်သီရိရပ်ကွက် ယာယီဖွင့်လှစ်ထားသော အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့နံနက်စောစောပိုင်းက ပေါက်ကွဲမှု ၂ နေရာဖြစ်ပွားခဲ့ကြောင်း မြို့ခံများမှ သတင်းရရှိသည်။

    နံနက် ၄ နာရီခွဲခန့်က မော်လမြိုင်ပညာရေးကောလိပ်ဆိုင်းဘုတ်အောက်ခြေတွင် ပေါက်ကွဲမှုကြောင့် လွင့်စင်လာသည့် အင်္ဂတေအစများ ညစောင့်လုံခြုံရေးအမျိုးသားတစ်ဦး ထိမှန်သဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရသည်။

    ထို့အတူ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ရုံးမီးလောင်ခဲ့သဖြင့် ဒိုင်းဝန်ကွင်းလမ်းမကြီးတွင် ယာယီဖွင့်လှစ်ထားသည့် ရွှေမြိုင်သီရိရပ်ကွက် အုပ်ချုပ်‌‌ရေးမှူးရုံးအနီး နံနက် ၅ မိနစ် ၂၀ ခန့်က ပေါက်ကွဲမှုတစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့ရာတွင် လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိသော်လည်း နှစ်ပေပတ်လည်၊ အနက် တစ်ပေခွဲရှိ ကျင်းတစ်ကျင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

    အလားတူ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၁၇) ရပ်ကွက်ရှိ အထက(၃)ကျောင်းတွင် ပညာရေးဝန်ထမ်းများ ယနေ့ (မေလ ၄ ရက်နေ့) မွန်းလွဲပိုင်းအချိန်က အစည်းအဝေးကျင်းပပြုလုပ်နေစဉ်  ကျောင်းဘေးပတ်ဝန်းကျင်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာနှင့် ပျက်စီးမှုမရှိကြောင်း သတင်းရရှိသည်။

    ထို့အပြင် ပဲခူးတိုင်း ပြည်မြို့နယ် ကမ္ဘီလာကျေးရွာတွင် မေလ ၃ ရက်နေ့ညပိုင်းက ပါဆယ်ဗုံးတစ်လုံးပေါက်ကွဲသည့်အတွက် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ CDM ရဲဝန်ထမ်း ၃ ဦးနှင့် ခြံပိုင်ရှင် ရွာသားတစ်ဦး စုစုပေါင်း ၅ ဦး အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

    မေလ ၂ ရက် ညပိုင်းအချိန်များတွင် သာကေတ၊ ကျောက်မြောင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း Online သတင်းများတွင် တွေ့ရှိရသည်။

    စစ်အာဏာသိမ်းပြီး ၃ လပြည့်သည့်ကာလအတွင်း မြန်မာနိုင်ငံတဝန်း မြို့ပေါ်နေရာအသီးသီးတွင် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများက ဖော်ပြနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks