spot_img
Monday, February 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးMUP မှ နုတ်ထွက်ခဲ့သူ နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေ NUG အလုပ်သမားဝန်ကြီးခန့်အပ်ခြင်းခံရ

    MUP မှ နုတ်ထွက်ခဲ့သူ နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေ NUG အလုပ်သမားဝန်ကြီးခန့်အပ်ခြင်းခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၄) 

    စစ်ကောင်စီအဖွဲ့တွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်ပါဝင်ခဲ့သည်ကို လက်မခံသည့်အတွက် ပါတီမှနုတ်ထွက်ခဲ့သူ နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေအား အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ယမန်နေ့က ခန့်အပ်ခြင်းခံရကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ ကြေညာချက်အရ သိရသည်။

    CRPH ၏ ကြေညာချက်အမှတ် ၂၆/၂၀၂၁ တွင် လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ ခန့်အပ်ခြင်းခံရပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၄ ဦးကိုလည်း တပြိုင်တည်းခန့်အပ်လိုက်ကြောင်း တွေ့ရှိရသည်။ 

    ယခုအခါ အသက် (၈၂ ) နှစ်ခန့်ရှိသည့် နိုင်သုဝဏ္ဏသည် ကရင်ပြည်နယ် ထုံးအိုင်ကျေးရွာဇာတိဖြစ်၍ တက္ကသိုလ်ကျောင်းသားဘဝကတည်းက မွန်အမျိုးသားရေးဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်  မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF စတင်ဖွဲ့စည်းခဲ့ရာတွင်ပါဝင်ခဲ့ကြောင်း၊ MNDF ပါတီအဖျက်သိမ်းခံရပြီးနောက်ပိုင်းတွင် ထိုင်းမြန်မာအခြေစိုက် မွန်ရေးရာအဖွဲ့ MAU ပြည်တွင်းနိုင်ငံရေးပါတီ ကိုယ်စားလှယ်ဖြစ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မွန်ပါတီများပူးပေါင်းပြီးနောက် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ MUP အစုလိုက်အပြုံလိုက်နုတ်ထွက်မှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ 

    CRPH နှင့် မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ Mon State Interim Coordination Committee- MSICC ညှိနှိုင်းဆောင်ရွက်မှုဖြင့် နိုင်သုဝဏ္ဏ အပါအဝင် MUP မှ နုတ်ထွက်ခဲ့သူ မင်းဇေယျာဦးအား စီမံကိန်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အငြိမ်းစားဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းရွက်အား  ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အသီးသီး ရွေးချယ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

    လက်ရှိ NUG အစိုးရအဖွဲ့တွင် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒုတိယသမ္မတတစ်ဦး၊ ဝန်ကြီးချုပ်တစ်ဦး၊ ဝန်ကြီးဌာန ၁၃ နေရာတွင် ဝန်ကြီး ၁၂ ဦး၊ ဒုတိယဝန်ကြီး ၁၆ ဦး ရှိပြီဖြစ်သည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks