spot_img
Monday, February 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင် Ocean Center ရှိ KBZ ဘဏ်တွင် လုံခြုံရေးရဲက သေနတ်ပစ်ဖောက်

    မော်လမြိုင် Ocean Center ရှိ KBZ ဘဏ်တွင် လုံခြုံရေးရဲက သေနတ်ပစ်ဖောက်

    -

    မွန်သတင်းအေဂျင်စီ (၂၉ ဧပြီ ၂၀၂၁)

    မော်လမြိုင်မြို့ပေါ် Ocean Shopping Center ရှိ KBZ ဘဏ်၌ ယနေ့(ဧပြီ ၂၉) နေ့လည် ၁၂ နာရီဝန်းကျင်ခန့်တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ဘဏ်တွင် လူရာနှင့်ချီ ငွေလာထုတ်ရာမှ တိုးဝှေ့တန်းစီစောင့်ဆိုင်းနေသည့်သူများကို ထိန်းသိမ်းနိုင်ရန် လုံခြုံရေးတာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်က သေနတ်ပစ်ဖောက်ခဲ့ဟန်တူကြာင်း ငွေလာထုတ်သူတစ်ဦးက ပြောသည်။

    ၎င်းက “၁၁ နာရီ မိနစ် ၅၀ ကျော်ကျော်လောက်မှာ ဘဏ်ကဖွင့်တော့ လူတွေက ဘဏ်ဝမှာပြုံပြီးတော့ တိုးနေကြတယ်၊ အဲ့တော့ ရဲတွေက သူတို့ထိန်းပေးတယ် ဒါပေမယ့် ထိန်းလို့မရတော့တဲ့အဆုံး သူတို့ကသေနတ် ၁ ချက်ဖောက်လိုက်တယ် ခြိမ်းခြောက်လိုက်တယ်၊ ခြိမ်းခြောက်လိုက်တော့ လူစုကနည်းနည်းလျော့သွားတယ် ဒါပေမယ့် ထပ်တော့ရှိနေသေးတယ်။ ပြီးတော့ နောက်တခေါက်ထပ်ဖြစ်သေးတယ် သေနတ်နဲ့ လူတွေကိုချိန်လိုက်တာ ပစ်တော့မယ့်တကဲကဲပုံစံမျိုးနဲ့” ဟု ဆိုသည်။

    ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတဝန်းလုံးရှိ ဘဏ်အသီးသီးများမှ ငွေထုတ်ယူသည့်ပမာဏကို ကန့်သတ်ခဲ့ပြီးနောက် လက်ရှိတွင် လူတစ်ဦးအနေဖြင့် တစ်ပတ်လျှင် အများဆုံး ကျပ် ၁၀ သိန်းဖြစ်ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် အများဆုံး ကျပ်သိန်း ၁၀၀ အထိသာ ထုတ်ယူခွင့်ရှိသည်။

    ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့က ဗဟိုဘဏ်မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ မေလ ၃ ရက်နေ့မှစ၍ ဘဏ်များတွင် ဘဏ်စရင်းအသစ်များဖွင့်ပြီး ငွေသားအပ်နှံထည့်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါ ဘဏ်စာရင်းအသစ်မှ ငွေပြန်ထုတ်လိုလျှင် အပ်နှံထားသည့်ငွေများကို အကန့်အသတ်မရှိထုတ်ယူခွင့်ပြုမည်ဖြစ်သည်။

    နစက စစ်ကောင်စီက ဘဏ်များတွင် ငွေထုတ်ယူမှုကို ကန့်သတ်ထားခြင်း၊ ပမာဏအနည်းငယ်သာ ထုတ်ခွင့်ပြုခြင်း၊  ATM စက်များတွင် ထုတ်ယူနိုင်သည့် ပမာဏကို ကန့်သတ်ခြင်း၊ ငွေထုတ်ယူလိုသူများအနေဖြင့် မနက်စောစောအချိန်ကတည်းက ဘဏ်များနှင့် ATM စက်များတွင် သွားရောက် တန်းစီစောင့်ဆိုင်းနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks