spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ပေါ် ရပ်ကွက်များ ယမန်နှစ်ထက်စောပြီး ရေရှားပါးလာ

    မော်လမြိုင်မြို့ပေါ် ရပ်ကွက်များ ယမန်နှစ်ထက်စောပြီး ရေရှားပါးလာ

    -

    မွန်သတင်းအေဂျင်စီ (၅ ဧပြီ ၂၀၂၁)

    မော်လမြိုင်မြို့ရှိ မြို့ပေါ်ရပ်ကွက်အချို့ ယခုနှစ်မတ်လလယ်ပိုင်းမှစတင်၍ ယခင်နှစ်ထက်ပိုမိုစောပြီး သောက်သုံးရေ ရှားပါးလာကြောင်း တွေ့ရသည်။

    မော်လမြိုင်မြို့ကို ရေပေးဝေရေးကန်များဖြစ်သည့် ရွေနတ်တောင်ဆည်၊ ကင်းမွန်းချုံဆည်တို့မှာ ဧပြီလကုန်ပိုင်းမှာသာ ယခင်ရေခမ်းခြောက်လေ့ရှိခဲ့သော်လည်း ယခုနှစ်မတ်လလယ်ပိုင်းမှစတင်ပြီး ရေရှားပါးမှုများ ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများက ဆိုသည်။

    မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေရှားပါမှုကြုံတွေ့ ချိန်တွင် မော်လမြိုင်မြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များက သောက်သုံးရေများ အခမဲ့ ဖြန့်ဝေမှုတွေပြုလုပ်ပေးခဲ့ရာတွင် ယခုနှစ် ပိုစောလာကြောင်း ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့က ကိုဘိုဘိုဝင်းက ပြောသည်။

    ကိုဘိုဘိုဝင်းက “ကင်းမွန်းချုံဆည်က ရေကလည်း တော်တော်ကိုနည်းလာပြီးဆိုတော့ တစ်ချို့နေရာတွေဆိုရေ မရတော့ဘူး ရေကလည်း ပိုပြီးတော့ ခမ်းခြောက်လာတာ တွေ့ရတယ်။ ဒီနှစ်ပိုပြီးတော့ မနှစ်ကထက် ကြိုပြီးတော့ ရေကုန်တာကို တွေ့ရတယ်။ မနှစ်ကထက် တစ်လလောက် ကြိုပြီးတော့ ဆိုးတယ်” ဟုပြောသည်။

    မော်လမြိုင်မြို့ရှိရပ်ကွက်များတွင် ရေရှားမှုပြသနာနှင့် ကြုံ့တွေရသည့် အခါတွင် ရေဝယ်ယူသုံးစွဲမှုများလည်း ရှိပြီး ရေကားတစ်စီးလျှင် (၅၀၀၀) ကျပ်မှ (၁၃၀၀၀) ကျပ်အထိ ပေးပြီး ဝယ်ယူသုံးစွဲရကြောင်း ရေရှားပါမှုကြုံတွေ့နေရသည့် ဒေသခံ ပြည်သူများထံက သိရသည်။

    မော်လမြိုင်မြို့တွင် ရွေနတ်တောင်ဆည်နှင့် ကင်းမွန်းချုံဆည်တို့မှ မြို့ပေါ်ရပ်ကွက်အချို့ကို အဓိကထားရေပေး ဝေနေတာဖြစ်ပြီး ဆည်များရေခမ်းခြောက်လာပါက စမ်းကြီးရပ်၊ သီရီမြိုင်ရပ်၊ မုပွန်ရပ်၊ ဒေါင်းဇရပ်၊ သီရီမင်္ဂလာရပ်၊ မဟာမြိုင်ရပ်တို့ ရေရှားပါးမှု ပြသနာနှင့် နှစ်စဉ်ကြုံတွေ့နေရကြောင်း သိရသည်။

    သို့ရာတွင် မော်လမြိုင်မြို့ပေါ်အတွက် သောက်သုံးရေများဖြန့်ဝေနိုင်ရန် အတ္ထရံမြစ်ရေတင် စီမံကိန်းကို ၂၀၁၉ ခုနှစ်ကတည်းက အကောင်အထည်ဖော်ခဲ့သော်လည်း မည်သည့်အချိန်တွင် ပြီးမြောက်မည်ကို  ခန့်မှန်းပြောဆိုမှုများ မတွေ့ရပေ။

    ထို့ပြင် ရေပေးဝေနေသည့် ဆည်များ ရေခမ်းခြောက်လာတာကြောင့် မြို့ပေါ်ရပ်ကွက်များအပြင် မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ ဘုန်းကြီးကျောင်းများမှာလည်း ရေသုံးစွဲမှု အခက်အခဲများ ဖြစ်ပေါ်နေသည်။

    မော်လမြိုင်မြို့ရှိ ရေပေးဝေရေးဆည်များဖြစ်သည့် ရွေနတ်တောင်ဆည်နှင့် ကင်းမွန်းချုံဆည် နှစ်ခုမှ  တစ်နေ့လျှင် ဖြန့်ဝေပေးနေသည့် ရေဂါလန် သိန်း ၃၀ အထိရှိကြောင်း မော်လမြိုင်မြို့ စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks