spot_img
Friday, February 20, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင် ကျောင်းသားပြည်သူပူးပေါင်းစစ်ကြောင်း ဖြိုခွင်းခံရ ရာဘာကျည်ထိမှန် ဒဏ်ရာရရှိသူများရှိ

    မော်လမြိုင် ကျောင်းသားပြည်သူပူးပေါင်းစစ်ကြောင်း ဖြိုခွင်းခံရ ရာဘာကျည်ထိမှန် ဒဏ်ရာရရှိသူများရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၅ မတ် ၂၀၂၁)

    စစ်အာဏာရှင်ဆန့်ကျင်ရေး မော်လမြိုင်မြို့တွင် သပိတ်မှောက် ‌ဆန္ဒပြနေသည့် ကျောင်းသားနှင့်ပြည်သူပူးပေါင်း သပိတ်စစ်ကြောင်း ယနေ့ မတ်လ ၂၅ ရက်နေ့အာရုံဦးမှ ချီတက်လာရာ လမုတန်းရပ်ကွက်၌ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွင်းခံရပြီး ရာဘာကျည်ထိမှန် ဒဏ်ရာရရှိသူများ တွေ့ရှိရသည်။

    ရဲနှင့်စစ်သားများ ပစ်ခတ်ခဲ့မှုကြောင့် ဆန္ဒထုတ်ဖော်‌နေသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆန္ဒပြသူ ၂၀ ခန့်ကို ဖမ်းဆီးခဲ့ရာတွင် မိန်းကလေးငယ်အများစုပါဝင်နေကြောင်း သိရသည်။

    ဒိုင်ဝန်ကွင်းဈေးအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က အိမ်စီးကားပေါ်ကနေ၍ သေနတ် ၅ ချက်ခန့် ပစ်ဖောက်ခဲ့ကြောင်း၊ နေ့လည် ၁၁ နာရီခန့်တွင် ရဲနှင့် စစ်သားများက ဆန္ဒပြသပိတ်စစ်ကြောင်းကို နှစ်ဖက်ညှပ် ပိတ်ဆို့ပြီး ရာဘာကျည်၊ အသံဗုံးတို့အပြင် ကျည်အစစ်တို့ပါ ပစ်ခက်ဖြိုခွင်းခဲ့ကြောင်း တွေ့ရသည်။

     ထို့အတူ ဒိုင်းဝန်ကွင်း လမုတန်းရပ် လမ်းမတန်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်းအတွင်းက လူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူငယ်တစ်ဦးကိုလည်း စစ်သားနှင့်ရဲများရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

    လမုတန်းဈေးအနီး တပ်စွဲထားသော လုံခြုံရေးတပ်ဖွဲ့တို့သည် ဇက်တံတားတွင်လည်းကောင်း ဒိုင်းဝန်ကွင်းဈေးတွင်လည်းကောင်း ဆီဆုံလမ်းနှင့် လှည်းတန်းလမ်းတလျှောက်တွင်လည်းကောင်း လှည့်လည်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

    ထို့ပြင် ကျိုက်ဖနဲနှင့် လှိုင်ရပ်ကွက်ရှိ လမ်းများတွင် စစ်သားနှင့်ရဲများ လှည့်လည်တပ်စွဲထားပြီး ယနေ့ညနေ ၄ နာရီအထိ မော်လမြိုင်မြို့ပေါ်တွင် လှည့်လည်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks