spot_img
Wednesday, February 4, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းCDM ပါဝင်သည့် မော်လမြိုင် မီးရထားဝန်ထမ်းများ အစိုးရလိုင်းခန်းမှရွှေ့ပြောင်း

    CDM ပါဝင်သည့် မော်လမြိုင် မီးရထားဝန်ထမ်းများ အစိုးရလိုင်းခန်းမှရွှေ့ပြောင်း

    -

    မွန်သတင်းအေဂျင်စီ (၂၃ မတ် ၂၀၂၁)

    မော်လမြိုင်မြို့ရှိ မီးရထား ဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူ ဝန်ထမ်းများကို CDM လှုပ်ရှားမှုတွင် ပါဝင်သဖြင့် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အတင်းအဓမ္မ ပြောင်းရွေ့ခိုင်းကြောင်း သိရသည်။

    အဆိုပါပြောင်းရွေ့မှုတွင် ယနေ့နံနက် ၉ နာရီခန့်တွင် ရဲအင်အား ၁၀၀ ခန့်က မီးရထားဝန်ထမ်း လိုင်းခန်းရှေ့တွင် လာရောက်စောင့်ကြည့်နေကြောင်း ရပ်ကွက်နေ ပြည်သူများက ဆိုသည်။

    အမည်မဖော်လိုသော မီးရထားဝန်ထမ်းတစ်ဦးက “အလုပ်မဆင်းဘူး CDM လုပ်မယ်ဆိုရင် နေရာကဖယ်ဖို့ပြောလာတယ် တစ်ချို့ကျတော့ မနေ့ညနေက ရွှေ့ကြတယ် တစ်ချို့ကျတော့ အခြေအနေစောင့်ကြည့်မယ်ဆိုပြီးတော့ ဆက်နေနေတယ် ဒီမနက် ဘယ်ကကူညီတဲ့အဖွဲ့တွေလည်းမသိဘူး ကားတွေနဲ့ရောက်ချလာတယ် နေစရာထိုင်စရာစီစဉ်ပေးမယ်ဆိုတော့ အလုပ်သမားတွေအကုန်လုံးပါသွားတယ် တစ်ချို့တွေပြောင်းသွားကုန်တယ် ဘယ်ကိုပြောင်းသွားလဲ မသိဘူး” ဟု ဆိုသည်။ 

    မီရထားဝန်ထမ်းများနှင့် မိသားစုများက နီးစပ်သည့် အသိမိတ်‌‌ဆွေများထံ ယာယီ ပြောင်းရွေ့နေ‌ထိုင်သူများလည်း ရှိကြောင်း သိရသည်။

    “ကျနော်တို့ မြန်မာ့မီးရထားမှာ ပို့ဆောင်ရေးရယ် စက်မှုရယ် မြို့ပြဌာနဆိုပြီးရှိပါတယ်၊ မနေ့ညနေ ၃ နာရီလောက်မှာ ပြည်နယ်စီမံအုပ်ချုပ်ရေးရုံးက တိုင်းအရာရှိတွေကို အစည်းအဝေးခေါ်တယ် CDM လုပ်ထားတယ်ဆိုလို့ရှိရင် အလုပ်တွေပြန်ဆင်းပေးဖို့ ပြောလာတယ် ဘာမှတစုံတရာအရေးယူမှုမရှိဘူးလို့လည်း ပြောတယ်” ဟု အဆိုပါဝန်ထမ်းက ဆက်ပြောသည်။  

    အဆိုပါ လိုင်းခန်းတွင် လမ်းအလုပ်သမားများနှင့် အချက်ပြဝန်ထမ်းမိသားစု ၃၀ ခန့်နှင့် စက်ခေါင်းရုံဘက်တွင် မိသားစု ၂၀ ခန့်နေထိုင်ကြောင်း မီးရထားဝန်ထမ်းများက ဆိုသည်။

    မော်လမြိုင်မြို့ရှိ မီးရထားဝန်ထမ်းတွေက စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး CDM လှုပ်ရှားမှုများတွင်လည်း ဆက်လက်ပါဝင်လျက်ရှိကြာင်း သိရသည်။

    အလားတူ မီးရထားဝန်ထမ်း ၁၅၀၀ ကျော်နေထိုင်သည့် မန္တလေးတွင် အလုပ်ခွင်မဆင်းဘဲ အာဏာဖီဆန် CDM လုပ်နေတဲ့ မီးရထားဝန်ထမ်းများ အလုပ် ပြန်မဝင်ပါက မတ်လ ၂၂ ရက်နေ့မှာ အလုပ်ပြန်ဝင်ရန်နှင့် အလုပ်မဝင်ပါက ဝန်ထမ်းလိုင်းခန်းတွေကနေ ဖယ်ရှားပေးရန် ရဲကအကြောင်းကြားထားပြီး ရန်ကုန်မလွှကုန်းရှိ မီးရထားဝင်းနေ ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းများတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks