spot_img
Wednesday, February 4, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းရန်ကုန်တိုင်းမြို့နယ်အချို့တွင် စစ်အုပ်ချုပ်ရေးကြေညာသဖြင့် မွန်ပြည်နယ်သားများ အလုံးအရင်းနေရပ်ပြန်လာကြ

    ရန်ကုန်တိုင်းမြို့နယ်အချို့တွင် စစ်အုပ်ချုပ်ရေးကြေညာသဖြင့် မွန်ပြည်နယ်သားများ အလုံးအရင်းနေရပ်ပြန်လာကြ

    -

    မွန်သတင်းအေဂျင်စီ ( ၁၈ မတ် ၂၀၂၁)

    ရန်ကုန်တိုင်းဒေသကြီး ၆ မြို့နယ်အတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသဖြင့် မွန်ပြည်နယ်သားများက မိမိတို့နေထိုင်ရာ နေရပ်ရင်းဒေသသို့ အလုံးအရင်းပြန်လျှက်ကြောင်း သိရသည်။

    စီးပွားရေး၊ပညာရေးအချက်အချာကျသည့် ရန်ကုန်မြို့၌ ဆန္ဒပြပြည်သူများအား နေ့စဉ်ပစ်ခတ်မှုများရှိနေသလို မိမိတို့နေထိုင်ရာမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေကြေညာလိုက်သောကြောင့် အသက်လုံခြုံရေးအတွက် ရွေ့ပြောင်းလာရခြင်းဖြစ်ကြောင်း နေရပ်ပြန်လာသူတစ်ဦးက ပြောသည်။

    “အရင်နေ့တွေလည်းပြန်ကြတဲ့လူတွေရှိတယ် ဒါပေမယ့် ဒီရက်ပိုင်းတွင်းလောက်တော့မများဘူး စစ်မိန့်ပေးတဲ့နေ့ကနေစပြီးတော့ အားလုံးက ကိုယ့်ကိုယ်ကိုမလုံခြုံတော့ဘူးလို့ခံစားရတယ်၊ အဲ့တော့ ကျွန်တော်တို့လည်း ကိုယ့်အိမ်ကိုယ့်ယာကိုပစ်ပြီးတော့ မော်လမြိုင်က အစ်မအိမ်မှာလာနေရတယ်” ဟု ၎င်းက ပြောသည်။

    ယင်းသို့ ပြန်လာသူများတွင် စက်ရုံလုပ်သားအများစုပါဝင်သဖြင့် အလုပ်လက်မဲ့နှုန်းလည်း အဆမတန်တိုးပွားလာမည့်အခြေအနေရှိကြောင်း ၎င်းက သုံးသပ်သည်။

    ရွှေပေါက်ကံနေ သံဖြူဇရပ်မြို့မှ လူငယ်တစ်ဦးက “ လူကြီးတွေက ပြန်သွားတာကြာပြီး ကျွန်တော်ကအလုပ်ရှိနေသေးတော့ ပြန်လို့တော့မဖြစ်သေးဘူး ကျွန်တော်တို့နေတဲ့ ဒီရွှေပေါက်ကံတစ်ဝိုက်မှာ တည်ငြိမ်နေသေးတယ်ဆိုပေမယ့် ဘယ်အချိန်မှာ လာဖမ်းမယ်၊ ပေါ်တာဆွဲမယ်၊ လာပစ်မယ်ဆိုတာမသိရလို့ ရင်တထိတ်ထိတ်နဲ့ နေ့ဘက်ဆိုနေဘက်အလျှောက် ညဘက်ဆိုဘက်လျှောက် ပူပန်ကြောင့်ကြရတာပေါ့၊ လူတွေကလည်းစိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာကြပြီ” ဟု ဆိုသည်။

    တရုတ်အထည်ချုပ်စက်ရုံ ၂ ရုံမီးလောင်ခံရသော မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် မြန်မာနိုင်ငံအနှံ့သပိတ်ပွဲခဲ့ကြရာတွင် လုံထိန်းတပ်ဖွဲ့ဝင်များ ပစ်ခတ်နှိမ်နင်းမှုကြောင့် ပြည်သူ (၃၈) ဦးထက်မနည်းကျဆုံးခဲ့ကြောင်း သတင်းဌာနများက ခန့်မှန်းတင်ပြခဲ့ပြီးနောက် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပ စုစုပေါင်း ၆ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (Martial law) ထုတ်ပြန်လိုက်ကြောင်း တွေ့ရှိရသည်။

    လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကြောင့် ဆန္ဒပြမှုများမဖြစ်ပေါ်စေရန် မွန်ပြည်နယ်မြို့နယ် ၆ မြို့နယ်အတွင်း ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးအဖွဲ့များ လက်လုပ်လက်စားပြည်သူအများစုလည်း လုပ်ငန်းခွင်သို့သွားလာနိုင်ရန် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

    ယခုအခါ မွန်ပြည်နယ်အတွင်း သပိတ်ဆင်နွှဲမှုအနေအထား ပြောင်းလဲလာ၍ လူအင်အား အနည်းငယ်ဖြင့်သာ ပြောက်ကျားသပိတ်၊ အာရုဏ်ဦးသပိတ်၊ လူမဲ့သပိတ်၊ ထိုင်သပိတ်၊ စတေကာသပိတ်၊ ဆိုင်ကယ်သပိတ်နှင့် ညသပိတ်တို့ကို ဆက်လက်ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks