Sunday, April 19, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ် မြို့နယ်အချို့တွင် ပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းထား

    မွန်ပြည်နယ် မြို့နယ်အချို့တွင် ပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းထား

    -

    စိုင်းထွန်းစံ (၀၃ မတ် ၂၀၂၁)

    မွန်ပြည်နယ် ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ဒေသခံ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ NLD ၏ မြို့မိမြို့ဖများ၊ CDM လှုပ်ရှားမှုဝန်ထမ်းများနှင့် လူငယ်များစုစည်း၍ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းထားကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ 

    ဘီးလင်းမြို့နယ် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်အပါအဝင် မြို့မိ မြို့ဖ ကိုယ်စားလှယ်များ ပူးပေါင်းပြီး မတ်လ ၂ ရက်နေ့က မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

    ဘီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင် ၂၃ ဦးပါဝင်ပြီး မြို့နယ် ဒေသခံပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အစုအဖွဲ့များဖြင့် ဖွဲစည်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် (၄) ဦး၊ မြို့မိ-မြို့ဖ ကိုယ်စားလှယ် (၅) ဦး၊ ဥပဒေပညာရှင် (၂) ဦး၊ CDM လှုပ်ရှားမှုတွင် ပါဝင်သော ဌာနဆိုင်ရာ ကိုယ်စားလှယ် (၅) ဦး၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၃) ဦး၊ လူငယ်များအဖွဲ့မှ ကိုယ်စားလှယ် (၄) ဦး ပါဝင်ကြောင်း သိရသည်။

    အလားတူ သထုံမြို့နယ်က အဖွဲ့ဝင် ၁၅ ဖြင့် မတ်လ ၂ ရက်တွင် လည်းကောင်း၊ ပေါင်မြို့နယ်က မတ်လ ၃ ရက်တွင် အဖွဲ့ဝင် ၁၉ ဦးဖြင့်လည်းကောင်း၊ ကျိုက်မရောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းကို ဖွဲ့စည်း မတ်လ ၂ ရက်နေ့တွင်ထားပြီး အဖွဲ့ဝင် ၂၂ ဦးပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

    ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ် တော်ကိုယ်စားလှယ်များ အပါအဝင် မြို့မိမြို့ဖများ CDM တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်၊ ပရဟိတကိုယ်စားလှယ်၊ အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စားလှယ်၊ လူငယ် ကိုယ်စားလှယ်၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင် ၂ ဦး စုစုပေါင်း အဖွဲ့ဝင် ၂၁ ဦးတို့ဖြင့် မတ်လ ၂ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

    ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သက်တမ်းသည် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးစာတမ်းပါ အခန်း ၆၊ အပိုဒ် (၁) အတိုင်း ၆ လသက်မှတ်ထားကြောင်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks